ပေါင်းတည်က ပျူစောထီးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

 

စက်တင်ဘာ ၁၃၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ရွာမှာနေထိုင်တဲ့ ပျူစောထီးဆိုသူအေးမင်းထွန်း(၃၄) နှစ် ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ နံနက်(၇) နာရီခန့်က ပန်းသင်းပင်ရွာကနေ ယာထဲကို ထွက်လာတဲ့ အေးမင်းထွန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂၁) ကွပ်ကဲမှု့အောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ(၂) ရဲဘော်တွေက ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ ပစ်ခတ်မှု အခင်းဖြစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာမျိုးတော့ရှိတယ်။” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ဒို့ပြည် ကို ပြောပါတယ်။

အေးမင်းထွန်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ အလိုကျလုပ်ဆောင်နေသူဖြစ်ပြီး ဒေသတွင်း ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူတာ၊ အနိုင်ကျင့်ဒုက္ခပေးတာတွေ ပြုလုပ်နေသူဖြစ်လို့ အခုလို ပြတ်ပြတ်သားသား အရေးယူရတာဖြစ်တယ်လို့ ရဲဘော်Shadow ဆီက သိရပါတယ်။

အေးမင်းထွန်းနဲ့ပတ်သက်တဲ့ အသေးစိပ်အချက်အလက်တွေကိုတော့ ဒို့ပြည် က စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these