သဲကုန်းရဲစခန်းမှာ ရဲအချင်းချင်းပစ်ခတ်မှုဖြစ် တပ်ကြပ်(၁) ဦး သေဆုံးဟုဆို

စက်တင်ဘာ ၁၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရဲစခန်းမှာ ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ (၁) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီခန့်က ရဲစခန်းက ရဲတွေဖြစ်ကြတဲ့ တပ်ကြပ်နဲ့ တပ်သား တို့ဟာ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒို့ပြည် ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

“စကားများပြီးအချင်းချင်း ပစ်တယ်လို့ ကနဦးသိရတယ်။ ဖြစ်စဉ်နောက်ဆက်တွဲကိုတော့ အသေးစိပ်စုံစမ်းနေဆဲပါပဲ။” လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

ရဲတပ်သားဟာ ပစ်ခတ်ရာမှာ အသုံးပြုခဲ့တဲ့ G-3 သေနတ်ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဒေသတွင်းအခြေအနေကို ဒို့ပြည် သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these