မုန်တိုင်းကြောင့် ပဲခူးတိုင်းအပါ တိုင်းနဲ့ပြည်နယ် (၅) ခုမှာ မိုးများရေကြီးနိုင်

🟥မိုးရေချိန် (၇) လက်မ အထက်ရွာနိုင်လို့ ရေကြီးတောင်ပြိုမှုတွေ သတိထားဖို့လို

စက်တင်ဘာ ၂၁၊ ၂၀၂၅။

ဖိလစ်ပိုင်ရေပိုက်နက်ထဲမှာ ဖြစ်ပွားနေတဲ့ ရာဂါဆာ(RAGASA ) တိုင်ဖွန်းမုန်တိုင်းဟာ ယနေ့စက်တင်ဘာ (၂၁) ရက်နေ့ ညနေ(၄) နာရီတိုင်းထွာချက်တွေအရ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အသွင်းပြောင်းသွားပြီး အချင်းမိုင် ၇၃၆ မိုင် ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်(၅) ခုမှာ မုန်တိုင်းသက်ရောက်မှု အများဆုံးဖြစ်နိုင်မယ့် အခြေအနေသေချာနေပြီလို့ မိုးလေဝသလေ့လာသူဦးဝင်းနိုင် က ထုတ်ပြန်ထားပါတယ်။

မနက်ဖန် စက်တင်ဘာ(၂၂) ရက်နေ့ကစတင်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတွေမှာ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာ(RAGASA ) ကြောင့် မိုးရေချိန်(၇) လက်မအထက်ရွာသွန်းနိုင်ပြီး အနိမ့်ပိုင်းဒေသ၊ ရပ်ကွက်တွေမှာ ရုတ်တရက်ရေကြီးတာ၊ မြစ်/ချောင်းရေလျှံတာ နဲ့ မြေပြို၊ တောင်ပြို တာတွေ ကို သတိထားဖို့လိုတယ်လို့ ထုတ်ပြန်ကြေညာ ထားပါတယ်။

“စူပါတိုင်ဖွန်းမုန်တိုင်းအရွယ်အစားက ဒီနေ့ SATCON မှ နောက်ဆုံးရတဲ့အချက်အလက်တွေအရ အချင်းမိုင် ၇၃၆ မိုင်ရှိနေတဲ့အတွက် မုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာချိန်မှာ အထူးသတိထားကြရမှာဖြစ်ကြောင်း ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးတင်ပြလိုပါတယ်။” လို့ ဦးဝင်းနိုင်က သူရဲ့ လူမှုကွန်ရက်ကနေ ပြောဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၇၂ နာရီကြာ မိုးများနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ ကုန်းတွင်ဝင်ကာ ဆက်လက်ရွေ့လျားနိုင်မယ့် လမ်းကြောင်းအဖြစ် လာအိုနိုင်ငံပေါ်တွင် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီအောက်သို့ ကျလာနိုင်ပြီး မနက်ဖန် ၂၂ ရက်နေ့ နံနက်(၆) နာရီခွဲမှာတော့ လေတိုက်နှုန်း တနာရီကို ၁၆၁ မိုင် ကနေ အမြင့်ဆုံးလေတိုက်နှုန်း ၁၉၅.၆၃ မိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-Win Naing(U)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these