

စက်တင်ဘာ ၂၄၊ ၂၀၂၅။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်မှာရှိတဲ့ ကျေးရွာအချို့က ဒေသခံပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ဖယ်ရှားနေတယ်လို့ ဒေသတွင်းက သိရပါတယ်။
ရခိုင်ရိုးမ၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း ဘေးဝဲမှာရှိတဲ့ ၂၇ မိုင်ဒေသခံတွေကို (၃) အရက်အတွင်းဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၂) ရက်နေ့မှာ အုပ်ချုပ်ရေးမှူးတွေကတဆင့် လိုက်လံပြောကြားခိုင်းနေတာလို့ သိရပါတယ်။
“ရွေ့ခိုင်းတာသေချာပါတယ်။ သုံးရက်အတွင်းမှာ အပြီးဖယ်ရှားပေးဖို့ ပြောထားတယ်။ တချို့လည်း အရင်တိုက်ပွဲတွေဖြစ်နေကတည်းက ရွေ့သွားကြတယ်။ ဆင်လန်ပြီးရင် မိုင်(၃၀) စမ်းပလက်၊ (၂၇) မိုင် အိမ်ခြေကတော့ဆင်လန်မှာ အရင်ကတည်းမရှိကြတော့ဘူး” လို့ ဒေသခံအမျိုးသားတဦးက ဒို့ပြည် ကိုပြောပါတယ်။
အလားတူ စမ်းပက်လက်၊ မိုင် ၃၀ တို့ကိုလည်း ဖယ်ရှားခိုင်းခဲ့တာလို့ သူကဆက် ပြောပါတယ်။
မိုင်(၃၀) နဲ့ စမ်းပလက်မှာ အိမ်ခြေ(၃၀)၊ (၂၇) မိုင်မှာ အိမ်ခြေ (၆၀) နီးပါးခန့်ရှိတယ်လို့ သိရပြီး အများစုမှာ သစ်တောကို မှီခိုလုပ်ကိုင်စားသောက်သူတွေ နဲ့ လမ်းလုပ်ငန်း၊ တောင်ယာလုပ်ငန်း လုပ်သူတွေလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိနေပြီး ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ် တပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေ များနေတယ်လို့ စစ်ရေးရင်းမြစ်က ဒို့ပြည် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ညသန်းခေါင်အချိန်ခန့်က အင်အားပို့ပြန်ဆင်းလာတဲ့ (၆) ဘီးကား (၅) စီး ပေါ်မှာ ဒဏ်ရာရစစ်သားတွေကို ပြန်လည်တင်ဆောင်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၆ ရက် ညနေ (၅) နာရီခွဲခန့်က ရခိုင်ရိုးလမ်းပေါ်က စစ်ကားနဲ့ သယ်ဆောင်လာတဲ့ ဒဏ်ရာရစစ်သားတွေကို ဥသျှစ်ပင်မြို့အဝင် တံတားဂိတ်ကနေ လူနာတင်ကား(၃) စီးနဲ့ ချိန်းယူကာ ပြည်မြို့ဘက်ကို အပြင်းမောင်းနှင်သွားခဲ့တယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay