ပေါက်ခေါင်း ကွမ်းအုံစု နဲ့ အိုင်ဇောက်ရွာ မီးထွန်းပွဲကို PDF တွေပြုလုပ်မယ်လို့ စစ်ထောက်ခံတွေ လှုံဆော်

🟥 လူစုလူဝေးများ လေကြောင်းဗုံးကြဲမှုအန္တရာယ် ကြိုတင်သတိထားဖို့လို
 
အောက်တိုဘာ ၇၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကွမ်းအုံစုရွာ နဲ့ အိုင်ဇောက်ရွာတွေမှာ PDF တွေ မီးထွန်းပွဲပြုလုပ်မယ် ဆိုပြီး စစ်တပ်ထောက်ခံတယ်လီဂရမ် ချန်နယ်တွေကနေ လှုံဆော်မှုတွေ ပြုလုပ်နေကြပါတယ်။
 
ယနေ့ အောက်တိုဘာ(၇) သီတင်းကျွတ်လပြည်ကျော်(၁) ရက်နေ့မှာ ပြုလုပ်မြဲဖြစ်တဲ့ ကွမ်းအုံစုနဲ့ အိုင်ဇောက်ရွာတွေက မီးထွန်းဓလေ့ကို အိုင်စောက်ဘုန်းကြီးကျောင်းနဲ့ ဘုရားမျာ PDF တွေက ပြုလုပ်မယ်လို့ သတင်းရထားတယ် ဆိုပြီ တပ်ထောက်ခံ “နေပြည်တော်” နဲ့ “True News” တယ်လီဂရမ် ချန်နယ်တွေကနေ လှုံဆော် နေတာပါ။
 
ဒါ့အပြင် အဲဒီရွာတွေမှာ မြောက်ကန်ကလေးက PDF တွေ အခါရက်ကြီး ရောက်နေကြတယ်လို့လည်း ရေးသားထားပါတယ်။
 
“သူတို့ရဲ့ တယ်လီဂရမ်ဂရုတွေမှာလည်း အပြန်အလှန် ရေးထားကြတာတွေရှိတယ်။ ဗုံးကြဲဖို့ လှုံဆော်တာမျိုးပေါ့။ ပေ့ကလည်း ရေးထားတယ်။ အဲဒီဘက်က အသိတွေရှိရင် ကြိုတင်အသိပေးထားသင့်တယ်။ မနေ့က ချောင်းဦးမှာ ဗုံးကြဲတာလည်း သေဆုံးများတယ်” လို့ စစ်တပ်ထောက်ခံတွေရဲ့ လှုံဆော်မှုတွေကို မြင်တွေ့ထားသူ အမျိုးသားတဦး က ပြောပါတယ်။
 
ကွမ်းအုံစု နဲ့ အိုင်ဇောက် ရွာ တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့မှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ပစ္စည်းတွေကိုဖျက်ဆီးယူမှုတွေကြောင့် ဒေသခံတွေမကြာခဏ စစ်ရှောင်နေကြရတဲ့ ကျေးရွာတွေဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတယ်လို့ စစ်တပ်က ပစ်မှတ်ထားတဲ့ဒေသတွေလည်း ဖြစ်ပါတယ်။
 
အောက်တိုဘာ(၆) ရက် (သီတင်းကျွတ်လပြည့်) ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်က စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်စပ် မှာ ဒေသခံပြည်သူတွေ ဆီမီးထွန်းနေကြချိန် အာဏာသိမ်းစစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ်တွေအပါအဝင် ၃၀ ကျော်အထိသေဆုံးခဲ့ရပြီး ၄၀ ထက်မနည်း ပြင်းပြင်းထန်ထန် ဒဏ်ရာထားပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
 

You may also like these