ပေါက်ခေါင်း၊ ဘော်ဒါ မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၁၃၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါအထိုင်စခန်းကနေ လူအချိန်အပြောင်းလုပ် ပြန်လာတဲ့ အင်အား(၄၄) ဦး ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် ဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ ည ၈ နာရီခန့်က တောင်လည်ကျေးရွာအနီး အရပ်အခေါ် (ဂွေးပင်ကုန်း) နေရာအနီး မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူရှိပြီး ထမ်းစင်တွေနဲ့ ပြန်သယ်သွားကြရတယ်လို့ သိရပါတယ်။

“ထိခိုက်ဒဏ်ရာရတာကိုတော့ ကျနော့်တို့ လိုက်နေတယ် သတင်းပျောက်နေဆဲပဲ။ နယ်မြေအခြေအနေကတော့ ခြေလျင်လှုပ်ရှားမှုတွေရှိတယ်။ ပြည်သူတွေ လေကြောင်းအန္တရာယ်သတိထားဖို့တော့လိုတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ဒို့ပြည် ကို ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ မိုင်းအမျိုးအစားကိုတော့ လုံခြုံရေးနဲ့ စစ်ရေးအရ ထုတ်ဖော် ပြောဆိုတာမျိုး မလုပ်နိုင်သေးဘူး လို့ ဆက်ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့က အဲဒီနေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ စစ်တပ်ကကျန်ခဲ့တဲ့ စစ်သုံးကျောပိုးအိတ်တစ်လုံး၊ MAကျည်ဘောက်(၁)ခု၊ BA (100) ဗုံးသီး (၁) လုံး၊ 5.56 ကျည် (၇၀) တောင့်၊ power bank (၁) လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပဲခူးတိုင်း ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ်(၂) ၃၆၀၂ တပ်ရင်း တပ်ခွဲ (၃) ရဲဘော်တွေက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာလ ၈ ရက်နေ့က ချင်းလည်ဂိတ်ကနေ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၄ ရက်နေ့ ကလည်း တောင်လည်ကျေးရွာအထိုင်စခန်းကနေ ထွက်လာတဲ့ ခြေလျှင်စစ်ကြောင်းကို အုတ်ဖိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these