နတ်တလင်းတောင်ညိုဆည်တဝိုက်ကို စစ်တပ်ကဗုံးကြဲနေ ကနေဦး ၂ ဦးသေဆုံးပြီး သံဃာတော်တွေနဲ့ ထိခိုက်ဒဏ်ရာရသူမျာ

(Breaking News)

အောက်တိုဘာ ၁၇၊ ၂၀၂၅။

ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကနေ စတင်ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည် တဝိုက်ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီး (၃) စီးနဲ့ လှည်ပတ်ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗုံးကြဲခံနေရတဲ့နေရာတွေကတော့ တောင်ညို သင်္ဘောချည်တိုင်ဘုန်းကြီးကျောင်း၊ ကြက်ညိုရွာ၊ ဆည်ဘောင်ရှင်းလင်းဆောင်၊ ထန်းတောရွာ တို့ဖြစ်တယ်လို့ သိရပါတယ်။

“ကြက်ညိုရွာနှစ်လုံး၊ ဆည်ဘောင်ကရှင်းလင်းဆောင် နှစ်လုံး လေးလုံးချသွားပါပြီ။ စက်လက်နဲ့လည်း ပစ်နေပြီ။ ဘုန်းကြီကျောင်းကိုကြဲတာ ပြည်သူငါးယောက်ခန့်ထိတယ် ဘုန်ကြီးလည်းပါတယ်။ ပြည်သူနှစ်ယောက်သေတယ်လို့ကြားထားပါတယ်” လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ အမျိုးသမီးတဦး ကပြောပါတယ်။

စက်တပ်လေထီးတွေဟာ ပြည်ခရိုင်၊ ရွှေတောင်လေယာဉ်ကွင်းကနေ ပျံတက်နေတာဖြစ်ပြီး အသွားအပြန် (၅) စီးထက်မနည်း အချိန်းအပြောင်းအလဲလုပ် ကာ ကျေးရွာတွေထဲကို ကြဲနေတာဖြစ်တယ်လို့ သိရပါတယ်။

“ထန်းတောရွာထိပ်ဘက်၂လုံးချသွားတယ် သွားလိုက်ပြန်လိုက်နဲ့ဆော်နေပါတယ်” လို့ ဖြစ်စဉ်ကိုသိရှိထားသူက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်ကလည်း နတ်တလင်းမြို့နယ် မကျီးပင်ရွာ ကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ယမန်နေ့က ပေါင်းတည်မြို့နယ်ထဲကို လေထီးနဲ့ အပြင် လေယာဉ်နဲ့ပါ စစ်သားတွေကိုအင်အားဖြည့် လာချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#Breaking News
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these