ပြည်မြို့ ခလရ-၇၅ တပ်က စစ်မှုထမ်းစစ်သား (၇) ဦး KNU ဆီ ဘက်ပြောင်းခိုလှုံ

🟥 စစ်မှုထမ်းအဖြစ် ရောင်းစားခံရသူ (၂) ဦးပါဝင်

အောက်တိုဘာ ၁၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အခြေစိုက် ခလရ-၇၅ တပ်က စစ်မှုထမ်းစစ်သား (၇) ဦးဟာ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်၊ KNU/KNLA တပ်ရင်း(၉) ဆီကို အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ယနေ့ အောက်တိုဘာ (၁၇) ရက် နံနက်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

အဲဒီတပ်သား(၇) ဦးဟာ အောက်တိုဘာ(၁၅) ရက်နေ့ က အလင်းဝင်လာတာဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြောင့် အလင်းဝင်ဘက်ပြောင်းခိုလှုံလာချိန်မှာ လက်နက်တွေယူဆောင်လာနိုင်တာမရှိပေမဲ့ လယ်ဒိုမြို့နယ်တာဝန်ရှိသူတွေက နေရာထိုင်ခင်း၊ အစားအစာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးအပ် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထာပါတယ်။

အလင်းဝင်လာသူတွေကတော့ မောင်ကျော်ဇေယျ (အသက် ၂၂ နှစ်)၊ မောင်သီဟနိုင် (၂၇ နှစ်)၊ မောင်အောင်မျိုးဦး (၃၆ နှစ်)၊ မောင်စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ မောင်သန်းနိုင်ဦး (၃၃ နှစ်) နဲ့ မောင်ရာဇာထက် (၂၄ နှစ်) တို့ (၇) ဦး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ(၇) ဦးဟာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၇)၊ (၁၀) နှင့် (၁၃) တို့က သင်တန်းသားတွေ ဖြစ်ကြပြီး သန်းနိုင်ဦး နဲ့ ရာဇာထက် တို့ (၂) ဦးကတော့ ရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်းဘဝကို ရောက်ရှိလာသူတွေဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ မတရားစစ်မှုထမ်းစေခိုင်းခံနေရသူ အာဏာသိမ်းအကြမ်းဖက်စစ်တပ်အတွင်းက တပ်သားတွေအနေနဲ့ မိမိတို့နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ဘက်ပြောင်းခိုလှုံကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU တိုက်တွန်းအသိပေးအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these