(သရော်စာ)
အောက်တိုဘာ ၁၉၊ ၂၀၂၅။
“ပွဲကတော့ အတော်ကောင်းနေပြီ မောင်မှတ်ကြီးရေ”
“ဘာပွဲလဲ ဆာဇေ။ ဖုန်းဘေပေါတဲ့သူတွေဆိုတော့ ဖုန်းထဲကကြည့်နေတာပေါ့လေ၊U 17 အမျိုးသမီးပွဲလား၊ အမျိုးသားပွဲဆိုရင်တော့ ကြည့်မနေနဲ့ ဆာဇေရေ၊ ကုန်းတိုင်းရှန်နဲ့ သရေစီသူတွေ ချည်းပဲဗျို့”
“အောင်မလေး ဖြည်းဖြည်းပြောပါ ဆရာမှတ်ရယ်မောနေပါ့မယ်၊ သူ့ဘာသာ မဆီမဆိုင် အားကစားမြှင့်တင်ခြင်းသည် နိုင်ဂံဒေါ်ကိုကာကွယ်စောင့်ရှောက်နေပါစေ၊ ငါပြောတဲ့ပွဲဆိုတာက အာဏာရှင်အရူးကြီး မအလရဲ့ရွေးကောက်ပွဲအသံဗလံတွေကိုပါဟ”
“ဘာလဲဲ အာစီယံရဲ့အသံတွေလားဆာဇေ။ အာစီယံကလည်းအခုမှမျောက်မီးခဲကိုင်ပြနေတာပါဗျာ။ ဘာသောက်ဆင့်မှမရှိတဲ့ ပုလင်းတူဘူးစို့အဖွဲ့ကြီးပါ။မအလ ဆိုတဲ့ဆင်ကန်းကြီးကို တောတိုးချင်တိုင်းတိုးခွင့်ပေးထားပြီး အခုမှထအသံထွက်တာပါ”
“အေးကွ မှတ်ကြီးရ၊ မင်းပြောလည်းပြောချင်စရာ။ အာစီယံဆိုတာကြီးက မအလနဲ့ပတ်သက်လာရင် တခါလာမူ ၅ ချက်၊ တခါလာမူ ၅ချက်နဲ့ ဘာမှလည်းအလုပ်ဖြစ်တာမဟုတ်ပဲနဲ့လေ။ တလောက မလေးဝန်ချုပ်ခရီးစဥ်ကိုတောင် မအလတို့အုပ်စုက ခုတုံးလုပ်အသုံးချပြီး အာရီးကပဲ မအလရွေးကောက်ပွဲကို ထောက်ခံသယောင်ယောင်၊မလေးရှားကပဲ ရကပ လေ့လာစောင့်ကြည့်ရေးအဖွဲ့လွှတ်တော့မယောင်ယောင်တွေလုပ်ထည့်လိုက်တာပါ့ရော”
“ဟုတ်တယ်လေ မအလက သူအာဏာရှင်အရူးထဖို့ဆို သံတမန်ကျင့်ဝတ်တွေ၊ကြေးတမန်ကျင့်ဝတ်တွေ နားထားပဲ။ တဖက်သတ်ကြေငြာချလိုက်တာပဲ။ အဲဒီကိစ္စမလေးဝန်ချုပ်ထရှင်းရတော့တဲ့အထိ”
“အေးကွ ၊အာစီယံအဖွဲ့ကြီးက မအလရဲ့ ရကပ ကိုအသိအမှတ်မပြုဘူးလို့မပြောသော်လည်းပေါ့လေ တောင်းဆိုထားတဲ့အချက်တွေကတော့ လက်မခံဘူးလို့အနက်ယူရမယ်ထင်သဟ”
“ဘာလဲ ဆာဇေ။ လွတ်လပ်ပြီးတရားမျှတရမယ်၊ ထင်သာမြင်သာရှိပြီး ယုံကြည်ရလောက်သောအနေအထားရှိရမည်၊ နိူင်ငံရေးပါတီအားလုံး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး နိူင်ငံတဝှမ်းလုံး ကျင်းပနိူင်ရမည်ဆိုတာတွေမို့လား။ အာစီယံ က ကမ္ဘာ့ လူသားစံတန်ဖိုးတွေ ရွတ်ပြသွားတာပါဗျာ။ မအလ လုပ်မဲ့ ရကပက လူရွေးကောက်ပွဲမှမဟုတ်တာ။ အာစီယမ်က မဖြစ်နိူင်မှန်းသိသိကြီးနဲ့ အဖွဲ့ဂုဏ်သိက္ခာကျန်အောင်မှတ်တမ်းအနေနဲ့ပြောတာနေမှာပါ”
“အလို ဆရာမှတ်က အာစီယံအဖွဲ့ကြီးကို အယုံအကြည်အတော်ရှိပုံပေါ်တယ် ဟေးဟေး၊ အေ့လေ ဒင်းအဖွဲ့ကလည်း ကိုယ့်အဖွဲ့ဝင်နိူင်ငံတစ်ခုလုံး ဆင်ကန်းတောတိုး အာဏာရူးက လုပ်ချင်တိုင်းလုပ်နေတာကို မူ ၅ ချက်ကမတက်ဘူးဆိုတော့လဲ”
“ဆာဇေ သိပြီးရောပေါ့။ မအလရဲ့ရကပ ဟာ ယုံကြည်ရလောက်တဲ့ရလဒ်ထွက်လာစရာ မရှိတာကြောင့် ဥရောပ သမဂ္ဂအဖွဲ့ကတော့ လေ့လာစောင့်ကြည့်ရေးအဖွဲ့စေလွှတ်မှာမဟုတ်ဘူးတဲ့လေ”
“ဘယ်သူတွေဘာပြောနေနေ အာဏာရှင်အရူးကြီး မအလ ကတော့ ရကပ ကိုလုပ်မယ်ဆိုတာချည်းပဲကွ မောင်မှတ်ရ။ မအလကြီးက ကျင့်ဖင်ပူတင်ဦးတော်တင်ပြီးဇွတ်လုပ်မယ့်သဘောပဲကွနော”
“ဟုတ်တယ် ဆာဇေ။ မအလကြီးက သူ့ထွက်ပေါက်အတွက်တွန်းဖွင့်နေတာထက် စောက်တပ်ထာဝရဗိုလ်ကျရေးအတွက် စီမံနေပုံပဲ”
“ဟုတ်ပ မောင်မှတ်ရာ။ အခု မအလရကပကြီးက မဲဆွယ်ရက်တွေဘာတွေချပေးလိုက်ပြီ၊ မဲဆွယ်ဟောပြောတဲ့အခါ စောက်တပ်မကောင်းကြောင်းမပြောရဆိုတာအဓိကအချက်ဆိုပဲ။ ပြောခဲ့ရင်လာထားအာဘွားပဲတဲ့။ အဲဒီတော့ ကစလ အလောင်းတွေက အဆိုကျော်တွေလို “မင်ဂါဘား အဲ့လယ်” ဆိုပြီး ပြန်ဆင်းလာရမယ့်သဘော”
“မအလကြီးက ရွေးကော်အုပ်ကြီးအလုပ်တွေလည်းဝင်ရှုပ်နေတယ်ဆိုပဲ။ကစလ အလောင်းစိစစ်ရွေးချယ်တာတွေလည်းလုပ်သေးဆိုပဲ ဆာဇေ”
“NCA ၁၀ နှစ်ပြည့်ပွဲလည်းလုပ်လိုက်သေးဆိုကိုး မောင်မှတ်ရဲ့”
“ဟုတ်တယ်ဆာဇေရေ။ မအလ တို့ကတော့ ၁၀ ဖွဲ့ရှိသလေး၉ ဖွဲ့ရှိသလေးလုပ်နေတာ၊ သတင်းတွေထဲတော့ ၃ ဖွဲ့ပဲတက်တယ်ဆိုလားပါပဲ”
“သောက်ရှက်မရှိလို့လုပ်တဲ့ပွဲပဲကွာ။ တစ်နိူင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ဖို့စာချုပ်ချုပ်တဲ့ နေ့နှစ်ပတ်လည်ပွဲတဲ့လေ ငါ့လခွမ်းတဲ့မှပဲ”
“ကျနော့်ဘကြီးပြောတဲ့ အဖြစ်အပျက်ကလေးသတိရသေးတယ်။ ၈၈ အရေးအခင်းအလွန်ပေါ့လေ။ ဘကြီးတို့က ဌာနတစ်ခုမှာ ညလုံခြုံရေးလုပ်ကြတာပေါ့။ အဲဒီကာလမှာ ညဘက်တွေဆို ညဉ့်ငှက်မလေးတွေက အချိန်လွန်ရင်ဌာနေကိုမပြန်ရဲကြဘူးတဲ့။ အဲဒါဘကြီးတို့ ဌာနအနီးအနားအတောင်ပံတဖျတ်ဖျတ်ပဲတဲ့။ ဘကြီးအပေါင်းအသင်းတွေထဲ အဲကိစ္စအတော်သန်တဲ့ လူတစ်ယောက်ရှိသတဲ့လေ။ တစ်ညတော့ အဲလူက ညငှက်မလေးတစ်ကောင်ကို ကယ်တင်ထားပြီး သူ့ကင်းတဲမှာထားထားတာပေါ့။ အဲဒီညကျမှ လုံခြုံရေးမှူးက ကင်းစစ်လာတာနောက်ကျနေတာကိုး။ ညငှက်ကယ်တင်ရှင်လည်း ကင်းစစ်ကိုစောင့်ရင်းမလာတော့ပါဘူးလေလို့ ထင်ပြီးညငှက်မလေးနဲ့ ၂ပါးသွားကနေတာပေါ့။ အဲဒီအချိန်ကားမီးရောင်ဝင်းကနဲမြင်လိုက်တော့ ၂ပါးသွားကတဲ့ လူလည်းကြံရာမရ လက်အုပ်ချီပြီး အသံကျယ်ကြီးနဲ့ ဩကာသ ဩကာသလုပ်နေတာတဲ့လေ။ အောက်ကတော့ ဖောင်တပြင်ပြင်ဆိုပဲ”
“ဘာလဲ မောင်မှတ်။ အာဏာရှင်ရူးမအလကြီးက NCA ဆိုပြီး အသံကျယ်ကြီးနဲ့ သြကာသအော်ပြီး ဖောင်တပြင်ပြင်ဖြစ်နေတယ်ပေါ့လေ ဟုတ်လား ဟားဟားဟား”
ရေးသားသူ- ဇေယျတု
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay