ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာကို ဗုံးကြဲဖို့လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြီးစားဒရုန်း(၁) စီးကို သာယာဝတီဂဠုန်တပ်ဖွဲ့ က သိမ်းဆည်းရရှိခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က စက်ချို့ယွင်းပြီး ပြုတ်ကျလာတဲ့ ဒရုန်းကို သရက်ချောင်းရွာအနောက်ဘက်မှာ သွားရောက် သိမ်းဆည်းရယူခဲ့တာလို့ သိရပါတယ်။
“ဒီဒရုန်းက တန်ဖိုးလည်းတော်တော်ကြီးတယ်။ Kg 20 ကျော်လောက်အထိသယ်လို့ရတယ်။ တခြားနိုင်ငံမှာတော့ ကုန်ပစ္စည်းသယ်တာလုပ်ကြတာ ဒီဘက်မှာ စစ်တပ်ကတိုက်ခိုက်ရေးအတွက်သုံးတယ်။ လေထီးပါပါတယ် ကျလာတုန်းက လေထီးနဲ့ ကျလာတာ” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံကိုဥက္ကာ က ဒို့ပြည် ကိုပြောပါတယ်။
ဒရုန်းတန်ဖိုးဟာ သိန်းတထောင်နီးပါးခန့်ရှိပြီး ထိန်းချုပ်မောင်းနှင်သူထံကနေ ထိန်းချုပ်မှုလွတ်ပြီး ကျလာတာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
“အဓိကကတော့ စစ်ရှုံးလို့ ၁၅ ရက်နေ့တိုက်ပွဲမှာ စစ်သုံ့ပန်းတွေမိတယ်။ စစ်-တွေသေတယ်။ အဲတိုက်ပွဲကိုအကြောင်းပြုပြီးမဲတာ ရွာတွေကိုဗုံးကြဲတာ ဒရုန်းကလည်း ဒါကိုအကြောင်းပြုပြီး သူတို့ ဗုံးကြဲဖို့လုပ်တာလား ကြဲပြီးပြန်လာတာလား ကျနော်တို့ တော့ မကြားဘူး။ အဲမှာစက်ချို့ယွင်းတာလား ထိန်းတာပေါ့နော် အထိုင်စက်မောင်းတဲ့သူ လွတ်သွားရင်တောင် လေထီးနဲ့ ညင်ညင်သာသာကျလာတာ အဲဒါကို ကျနော်တို့ ရလိုက်တာ” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံကိုဥက္ကာ က ပြောပါတယ်။
လက်ရှိမှာတော အဲဒီဒရုန်းကို လုံခြုံတဲ့နေရာကို ရွ့ပြောင်းထားလိုက်ပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၅) ဦးထက်မနည်း သေဆုံးကာ၊ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို (၁၀) ဦးထက်မနည်းကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီတိုက်ပွဲကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှု အောက်ရှိ၊ ဗျူဟာ (၂၂) ဦးဆောင်မှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊လက်ပံတန်းရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နဲ့ အမှတ် (၃၈၀၃) တပ်ရင်း၊ ပူးပေါင်း စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
#ပဲခူးတိုင်း #သာယာဝတီ #လက်ပံတန်း #ဒရုန်း #ပကဖ #သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့