နိုဝင်ဘာ ၇၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ကျေးရွာကနေ ၂၆ မိုင်ဘက်ကို စစ်ကြောင်းထိုးနေကြတဲ့ အဖွဲ့ထဲက ပျူစောထီးအချို့ဟာ လက်နက်တွေ ယူဆောင်ပြီး ထွက်ပြေးသွားတယ်လို့ ဒို့ပြည် ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
စစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ နိုဝင်ဘာလ ၅ ရက်နေ့ က ရခိုင်ရိုးမ တိုက်ပွဲတွေကို စစ်ကြောင်းထိုးဖို့ သွားကြစဉ် ထွက်ပြေးသွားကြတာဖြစ်နိုင်ပြီး စစ်တပ်က အင်အားရာဂဏာန်းအသုံးပြုပြီး လိုက်လံ ရှာဖွေဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုးသွားရင်း ထွက်ပြေးသွားတာလို့ သိရပါတယ်။ စစ်တပ်ကတော့ အဲဒီနေ့လည်ခင်းကတည်းက အင်ကြင်းတောင်အထိ စစ်ကြောင်းထိုးမယ်လို့သိရတယ်။ အင်ကြင်းတောင်က ၂၆ မိုင်အောက် စမ်းပက်လက်ထိလည်း ရောက်လာနိုင်တယ်” လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
ထွက်ပြေးသွားတဲ့ အရည်အတွက်နဲ့ ဘာလက်နက်တွေပါသွားတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်ဟာ ပျူစောထီးတွေကို တိုက်ခိုက်ရေးနဲ့ လုံခြုံရေးအတွက် အသုံးပြုနေတာအပြင် ကပစ-၁၆ လုံခြုံရေးအတွက် တပ်အနီးအနား ကျေးရွာတွေက ဒေသခံပြည်သူတွေကို ပေါ်တာဆွဲကာ ယူနီဖောင်းပေးဝတ်ကာ လက်နက်မပေးဘဲ လုံခြုံရေးစောင့် ခိုင်းနေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်-AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မသုန်ကာကင်း(၆၆၆) ကုန်းအနီးက ကာကင်းတခုကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်တပ်က ကြိုးစားနေပြီး ၂၆ မိုင်ကနေ လက်နက်ကြီးပစ်ကူ နေ့စဉ်ပေးနေတယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay