သရက် ကပစ-၁၂ ရှော့တိုက်ဒုန်းတွေနဲ့ အပစ်ခံရပြီး ဗျူဟာမှူးအဆင့်ရှိသူ ထွက်ပြေး

မကွေးတိုင်း၊ သရက်မြို့မှာရှိတဲ့ ကပစ-၁၂ ကို 122MM ရှော့တိုက်ဒုန်း ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း-၄ ဆီကသိရပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်က ရေနံ့သာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေချိန် နဲ့ တပြိုင်တည်းမှာပဲ သရက်မြို့က စစ်တပ်ရဲ့ အရေးပါတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် -၁၂ (ကပစ-၁၂) ကို ရှော့တိုက်ဒုန်း ၅ လုံးနဲ့ ပစ်ခတ်ခဲ့တာမှာ ၄ လုံးအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး စက်ရုံအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ကပစ ၁၂ နောက်ဆက်တွဲတွေက သေချာအတည်ပြုဖို့သတင်းတွေ မရသေးပါဘူး။ ကပစ ၁၂ မှာရှိတဲ့ ဗျူဟာမှူးအဆင့် ကတော့ အောင်လံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတာတော့ ကြားသိရပါတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း-၄ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ် က ဒို့ပြည် ကိုပြောပါတယ်။

You may also like these