နိုဝင်ဘာ ၁၂၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မ်ြို့၊ အရှေ့လက်ပံခုန်ရပ်ကွက်ကြံ့ခိုင်ရေးပါတီဝင်အုပ်ချုပ်ရေးမှူးဖိုးတာ ရဲ့ သားဖြစ်သူအားမာန်ရှိန်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ည ၈ နာရီလောက်က အိမ်ပြန်လာတဲ့ ဦးဖိုးတာရဲ့သား အသက် ၃၃ နှစ်အရွယ်ရှိ အားမာန်ရှိန်ကို အိမ်အပြန် ရန်ကုန်-ပြည်လမ်းပေါ်မှာပဲ စစ်သားနဲ့ပျူစောထီးတွေက ဖမ်းဆီးလိုက််တာ လို့ သိိရပါတယ်။
“ဖမ်းတာက အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေ ဖမ်းတာ အဓိကက အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေ သူတို့အချင်းချင်း သဘောထား မတိုက်ဆိုင်ကြတာလို့ ကျနော်တို့ သုံးသပ်တယ်။ မတည့်ကြဘူး” လို့ မြို့ခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
အားမာန်ရှိန်ကိုတော့ သာယာဝတီရုံးနီကြီးမှာ ဖမ်းဆီးထားတာဖြစ်ပြီး ပြန်လွတ်မြောက်ဖို့အတွက် ဦးဖိုးတာဟာ ရပ်ကွက်ထဲက လူငယ်တဦးကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပျူစောထီးအဖွဲ့နဲ့ ဖမ်းဆီးခဲ့ပေမဲ့ အဲဒီလူငယ်ဟာ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
“လက်ရှိမှာ သူ့သားကို ပြန်ပေးဖို့ လိုက်ရှာနေတယ်။ ပျူ(၃) ဦးပါတယ် လက်နက်ပါတယ် ဖမ်းမိသွားတယ်ဆိုတဲ့ အသံတော့မကြားမိသေးဘူး ရပ်ကွက်တွေမှာ ပေါ်တာဆွဲပြီး ရောင်းစားကြတာမှာ အုပ်ချုပ်ရေးမှူးနဲ့ပျူတွေက မညီညွတ်ကြဘူး” လို့ မြို့ခံက ပြောပါတယ်။
ဦးဖိုးတာဟာ ယခင်က ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဖြစ်ပြီး လက်ရှိမှာတော့ စစ်မှုထမ်းအတွက် လူငယ်တွေကို ဖမ်းဆီးတာ၊ သတင်းပေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဦးဖိုးတာနဲ့ပတ်သက်ပြီး အသေးစိပ်အချက်အလက်တွေကို အတည်ပြုနိုင်ဖို့အတွက် ဒို့ပြည် သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay