အတုအယောင်ရွေးကောက်ပွဲကို ရေတာရှည်မှာ အင်အားများစွာနဲ့ ဆန့်ကျင်ဆန္ဒပြ (ရုပ်/သံ)
ဒီဇင်ဘာ ၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်အာဏာရှင်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆန္ဒထုတ်ဖော်မှုကို ယနေ့ ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာပေါင်းစုံက ဒေသခံပြည်သူလူထုအများအပြား ပူးပေါင်းပါဝင် ခဲ့ကြတယ်လို့ သိရပါတယ်။
“စစ်အာဏာရှင်ကပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို ပြည်တွင်းစစ် ဖြစ်နေချိန်မှာ ပြည်သူအားလုံး ပါဝင်နိုင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ မြန်မာ့ စစ်တပ်ဟာ မြန်မာပြည်သူ တစ်ရပ်လုံးကို ကာကွယ်ရမဲ့ အစား မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို လက်နက်ကိုင် အုပ်ချုပ်ပြီး ဖိနိပ်နေတာကြောင့် တိုင်းပြည်နှစ်နာခဲ့ရတာ ဖြစ်တယ် လက်နက်ကိုင် ဗိုလ်ကြနေတဲ့ အတွက် ဆန့်ကျင်ကြဖို့ လိုတယ်” လို့ ဆန္ဒပြပွဲကိုဦးဆောင်ခဲ့တဲ့ ရေတာရှည်မြို့ခံကိုမြင့်လွင်ဦး ကပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာတော့ စစ်အာဏာရှင်လုပ်တဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပါတီမစုံတဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ လူထုမပါတဲ့ရွေးကောက်ပွဲအလိုမရှိ၊ ကြိုးနဲ့တုပ်ပြီး ပြိုင်တဲ့ပွဲအလိုမရှိ၊ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ PDF ကို ဝန်းရံစို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရေးဒို့အရေး ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ကြွေးကျော်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတကာကို ဟန်ပြအနေနဲ့ ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲလည်း ဖြစ်တဲ့အတွက် လူထုတွေအနေနဲ့ မပူးပေါင်းမပါဝင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။
ပဲခူးတိုင်းထဲမှာ စစ်အာဏာသိမ်းပြီးနောက် မြို့ခံလူထုအများအပြားပါဝင်တဲ့ ဆန္ဒထုတ်ဖော်ပွဲတခုအဖြစ် ပြန်လည်ပေါ်ထွက်လာတာလည်း ဖြစ်ပြီး ရေတာရှည်မြို့နယ်သား ကိုမြင့်လွင်ဦး က ဦးဆောင်ခဲ့တာလို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews