စစ်မှုထမ်း (၃) ဦး ကိုလည်း ဖမ်းဆီးရမိ
ဒီဇင်ဘာ ၈၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒန်းလမ်း ဇင်ပြွန်းကျေးရွာ အနီးမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင်(၄) ဦးတို့ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ PRA-Magway တပ်ဖွဲ့ဆီက သိရပါတယ်။
အဲဒီ(၄) ဦးဟာ အောက်တိုဘာ လအတွင်းက အလင်းဝင်လာကြတာဖြစ်ပြီး သူတို့နဲ့အတူ MA-1 (၁) လက်၊ MA-2 (၁) လက် MA-3 (၂) လက် အပြင် အခြားခဲယမ်းတချို့ကိုလည်း ယူဆောင်အပ်နှံခဲ့ကြတယ်လို့ ဆိုပါတယ်။
“သူတို့ကိုငွေကြေးထောက်ပံ့တာ မရှိပေမဲ့ သူတို့ကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပေးတာ၊ ရှင်သန်နေထိုင်ခွင့်ပြုတာ စားသောက်နိုင်အောင် စီမံဆောင်ရွက်ပေးတာရှိပါတယ်။” လို့ PRA-Magway တာဝန်ရှိသူ က ဒို့ပြည် ကိုပြောပါတယ်။
ဒါ့အပြင် နတ်ရေကန်တောင် နဲ့ အမ်း-ပဒါန်း လမ်းပိုင်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ ခလရ(၂၉၅) နဲ့ တပ်မ(၆၆) လက်အောက်ခံ သာယာဝတီအခြေစိုက် ခလရ(၃၅) တို့မှ တပ်သား(၃) ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ဖမ်းဆီးရမိတဲ့(၃) ဦးကလည်း ၁၀ လပိုင်းမှာ ဖမ်းရတာ အလင်းဝင်တဲ့သူတွေ လုံခြုံမှပဲ ပူးတွဲထုတ်ပြန်တာ။ ရက်က သိပ်မကွာပါဘူး သူတို့ကို ကျနော်တို့ရဲ့ အချုပ်ထောင်မှာပဲ ဖမ်းဆီးထိန်းသိမ်းထားပြီး သုံ့ပန်းဥပဒေအတိုင်းပဲ အရေးယူထားပါတယ်။” လို့ PRA-Magway တာဝန်ရှိသူက ဆက်ပြောပါတယ်။
အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးရမိသူတွေဟာ စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တွေရဲ့ စစ်မှုထမ်းတပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးစုဆောင်းပေါ်တာဆွဲခံရသူတွေဖြစ်ပြီး အသက် (၁၇) နှစ်ကနေ (၄၀) ကြားတွေဖြစ်တယ်လို့ သိရပါတယ်။
နတ်ရေကန်ဒေသတဝိုက်မှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်-AA၊ မဟာမိတ်တွေတပ်တွေနဲ့ ထိတွေတိုက်ပွဲတွေ ဖြစ်ပွားနေတာ ကြာမြင့်နေပြီဖြစ်ပြီး PRA-Magway အနေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မှုတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့စစ်ရေးလှုပ်ရှားနေတာတွေရှိတယ် မဟာမိတ်တွေနဲ့ပူးပေါင်းလှုပ်ရှားတာရှိတယ်။ ဒေသတွင်းLocal PDF MOD တပ်ရင်း တပ်ဖွဲ့တွေ ပကဖ တွေနဲ့ ပူးတွဲစစ်ဆင်နေတာရှိတယ် ကျနော်တို့ထုတ်ပြန်တာမရှိပေမဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲထွက်ခွါမှုရှိပါတယ် PRA Magway က နတ်ရေကန် မှာ မဟာမိတ်အင်အားစုတွေနဲ့ ပူးတွဲပြီး စစ်ရေးဖော်ဆောင်တာရှိပါတယ်။” လို့ PRA-Magway တာဝန်ရှိသူက ဒို့ပြည် ကို ပြောပါတယ်။
PRA-Magway ဆီကို ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ဖမ်းဆီးရမိစစ်မှုထမ်းတပ်သားသစ်တွေဟာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကလူတွေ ရန်ကုန်မှာပေါ်တာဆွဲခံရ တာတွေ ဖြစ်တယ်လို့သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#မကွေးတိုင်း #အမ်းပဒန်းလမ်း #ငဖဲမြို့နယ် #နတ်ရေကန်တောင် #PRAMagway #အာရက္ခတပ်တော် #AA #စစ်မှုထမ်းတပ်သားသစ် #ပေါ်တာဆွဲ #ပဲခူးတိုင်း #ဧရာဝတီတိုင်း #ရန်ကုန် #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား #မဲဆောက် #မြဝတီ