“နွေဦးတော်လှန်ရေးနိုင်တဲ့အထိ တိုက်ပွဲဝင်မယ်”လို့ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် ပြော

(ရုပ်/သံ)

ဒီဇင်ဘာ ၈၊ ၂၀၂၅။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က နွေဦးတော်လှန်ရေးနိုင်တဲ့အထိ ပြည်သူနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့ညက ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေရဲ့ (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” (Our Voice, Our Fight, Our Rights) ကမ်ပိန်းအတွက် ပြောကြားချက်တွေထဲမှာ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် က အခုလိုပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

“အခုနွေဦးတော်လှန်ရေးမှာ ပြည်သူလူထုတရပ်လုံးက ကျရာအခန်းကဏ္ဍကနေ အမှောင်ထုကိုဖယ်ရှားဖို့ အင်တိုက်အားတိုက် ပါဝင်နေကြပါတယ်။ ကျမတို့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကလည်း ပြည်သူတွေနဲ့အတူတူ ဒီနွေဦးတော်လှန်ရေးနိုင်သည်အထိ ကျမတို့ရဲ့ အခွင့်အရေးတွေ အားလုံး ရယူပိုင်ဆိုင်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” လို့ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောပါတယ်။

ဒေါက်တာဒေါ်ခင်စိုးစိုးကြည်ဟာ NLD ပါတီကနေ ပြည်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ် (၂) နှစ်ဆက်တိုက် အနိုင်ရရှိခဲ့သူလည်း ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြပွဲတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့သလို လက်ရှိအချိန်ထိ CRPH မှာ ဆက်လက်တာဝန်ထမ်းဆောင် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပြည်မြို့နယ် #NLD #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #အမျိုးသမီး #ပဲခူးတိုင်း #CRPH #လူအခွင့်အရေးဝန်ကြီးဌာန #10D #နွေဦးတော်လှန်ရေး #ထိုင်းနိုင်ငံ #မဲဆောက်

 

You may also like these