ဒီဇင်ဘာ ၈၊ ၂၀၂၅
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲကို စစ်ကော်မရှင်တပ်တွေက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဘုန်းတော်ကြီးကျောင်းတခု အကြီးစားထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။
ယနေ့ ဒီဇင်ဘာ ၈ ရက် နေ့လည် ၁၁ နာရီခန့်က ကျောက်တံခါးမြို့နယ်၊ လက်ခံကျေးရွာအုပ်စု၊ ကျောက်စရစ်ဘုန်းတော်ကြီးကျောင်း ကို စစ်တပ်က ဂျိုင်ရိုကော်ပတာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့တာဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းလုံးဝပျက်စီးသွားပြီး လူနေအိမ်အချို့လည်း ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ ဒေါ်စိန်မြိုင်အသက်(၇၆) နှစ် သေဆုံး၊ ဘုန်းကြီတပါးဦးခေါင်းထိခိုက်ဒဏ်ရာရ၊ မောင်နေဇော်အောင်(၁၂) နှစ် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ရွေးကောက်ပွဲနီးတော့ ရွေးကောက်ပွဲမဲ မဲလာတယ်။ ရွေးကောက်ပွဲမဖြစ်မှာ မပျက်မှာ ကြောက်မဲမဲနေတာ။ ပဲခူးတိုင်းမှာ အတော်ဆိုးတယ် အရှေ့ခြမ်း၊ အနောက်ခြမ်း တိုက်ပွဲရှိရှိ မရှိရှိ အားတိုင်းယားတိုင်း ဗုံးကြဲနေတယ်။ အပြစ်မဲ့ပြည်သူတွေသေတယ် ရဟန်းသံဃာတော်တွေ ပျံလွန်တော်မူတယ်။ သာယာဝတီခရိုင်မှာလည်း ဖြစ်ပြီးပြီ၊ တောင်ငူခရိုင်မှာလည်း အခုလုပ်ပြီး သူတို့ရွေးကောက်ပွဲလုပ်မရတဲ့ကျေးရွာတွေ သူတို့ အိုးမဲသုတ်ခံရတဲ့ နေရာတွေ ဗုံးကြဲနေတယ်။ သူတို့ အရှက်ရနေတယ် ရှေ့ဆက်ပြီးလည်း ရွေးကော်ပွဲမပြီးမချင်းဗုံးကြဲအုံးနေမယ်။” လို့ ပဲခူးတိုင်းတော်လှန်ရေးအင်အား တာဝန်ရှိသူတဦးက ဒို့ပြည် ကိုပြောပါတယ်။

အလားတူ ကျောက်ကြီးမြို့နယ် ထဲက ကျေးရွာ(၂) ရွာကိုလည်း ဗုံးကြဲတိုက်ခိုက် တဲ့အတွက် နေအိမ်တချို့ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ကျောက်စရစ်ရွာက စစ်တောင်းမြစ် အနောက်ဖက်အရှေ့ဖက် ကွဲနေတာ မြစ်အနောက်ဘက်ကမ်းကျောက်တံခါးမြို့နယ်ထဲပါပြီး မြစ်အရှေ့ဘက်ကမ်းကကျတော့ ကျောက်ကြီးမြို့နယ်ထဲပါသွားတာပါ” လို့မြေပင်အခြေအနေကို ဒေသခံက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ပဲခူးတိုင်းထဲမှာရှိတဲ့ မြို့နယ်၊ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်ရာ၊ တော်လှန်ရေးတပ်တွေ ရှိတယ်လို့ ထင်တဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews