ရေတာရှည်မှာ ပြည်သူ ၅၀၀ ခန့်နဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲ (၂) ရက်ဆက်လုပ်

(ရုပ်/သံ)

ဒီဇင်ဘာ ၁၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေစုပေါင်းပြီး အတုအယောင်ရွေးကောက်ပွဲ အလိုမရှိဆန့်ကျင်ဆန္ဒပြပွဲတွေ ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆန္ဒပြပွဲတွေကိုတော့ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတို့မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒေသခံ (၄၀၀) ကျော် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုမြင့်လွင်ဦး က ဒို့ပြည် ကို ပြောပါတယ်။

ဆန္ဒဖော်ထုတ်ကြရမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေး၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအလိုမရှိ ၊ စစ်အာဏာရှင်ကျရှုံးရေး၊ စတဲ့ ကြွေးကြော်သံတွေနဲ့ နှိုးဆော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ပွဲတွေကနေတဆင့် အတုအယောင်ရွေးကောက်ပွဲကို မြန်မာနိုင်ငံသူနိုင်ငံသားတွေက လက်မခံဘူးဆိုတာကို နိုင်ငံတကာကို ပြသလိုတာလို့ ကိုမြင့်လွင်ဦး က ပြောပါတယ်။

အလားတူ ဆန္ဒထုတ်ဖော်ပွဲတခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ဆန္ဒထုတ်ဖော်မှု စုစုပေါင်း(၃) ကြိမ် ရှိခဲ့ပြီဖြစ်ကာ ကုန်ကျတာတွေနဲ့အခြား အခက်ခဲတွေကို ကြိုတင်ပြင်ဆင်ခဲ့ရပြီး ကူညီထောက်ပံ့ပေးမဲ့သူတွေ ရှိပါကလည်း ပိုမို လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ရေတာရှည် #အတုအယောင်ရွေးကောက်ပွဲ #လူထုလှုပ်ရှားမှု #ဆန္ဒပြပွဲ #ဒေါ်အောင်ဆန်းစုကြည် #သမ္မတဦးဝင်းမြင့် #နိုင်ငံရေးအကျဉ်းသား #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား

You may also like these