ပေါင်းတည် နဲ့ ကြို့ပင်ကောက် မှာ ရွေးကောက်ပွဲ အလိုမရှိကြောင်း လူထု ရာချီဆန္ဒပြ (ရုပ်သံ)
ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် နဲ့ ကြို့ပင်ကောက်မြို့နယ် ထဲ က ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ စုပေါင်းပြီး စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလိုဆန္ဒပြပွဲတွေကိုတော့ ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁ နာရီမှာ ပေါင်းတည်မြို့နယ် ကျေးရွာတွေက ပြည်သူ ရာချီပါဝင်ခဲ့ကြသလို ဒီဇင်ဘာ ၂၀ ရက်နေ့ ကြို့ပင်ကောက်မြို့နယ်က ဆန္ဒပြပွဲကိုတော့ ဒေသခံပြည်သူ ၃၀၀ ကျော်က ပါဝင်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေ ဆီက သိရပါတယ်။
ဆန္ဒပြကြရာမှာတော့ “အမေစုနဲ့ သမ္မတကြီးချက်ချင်းလွှတ်၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်၊ တရားမတင်ရွေးကောက်ပွဲ အလိုမရှိ၊ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင်ကျရှုံးရေး ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၇ ရက် နဲ့ ၁၈ ရက်နေ့တွေမှာ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်ထဲက ပြည်သူ (၄၀၀) ကျော်က အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ ဆန္ဒပြခဲ့ကြပါသေးတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ရေတာရှည် #ပေါင်းတည် #ကြို့ပင်ကောက် #အတုအယောင်ရွေးကောက်ပွဲ #လူထုလှုပ်ရှားမှု #ဆန္ဒပြပွဲ #ဒေါ်အောင်ဆန်းစုကြည် #သမ္မတဦးဝင်းမြင့် #နိုင်ငံရေးအကျဉ်းသား #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား