စစ်တပ်နဲ့ လက်တွဲနိုင်သူတွေကိုသာ မဲပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြည်မြို့မှာ မဲဆွယ်

ဒီဇင်ဘာ ၂၂၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မကြာခင်ကျင်းပမဲ့ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲနိုင်သူကိုယ်စားလှယ်တွေကိုသာ မဲပေးကြဖို့ တိုက်တွန်းမဲဆွယ်ခဲ့ပါတယ်။
 
ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ပြည်မြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဟာ သီရိခေတ္တရာရတနာမြို့တော်ခန်မ မှာ တွေ့ဆုံပွဲလုပ်ခဲ့သလို ပြည်တပ်နယ် မှာ စစ်တပ်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
 
အဲဒီလိုတွေ့ဆုံပွဲ နှစ်ခုလုံးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် က ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့ နိုင်ငံအကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဥပဒေပြုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်သူ၊ တပ်မတော်နဲ့ လက်တွဲပြီး နိုင်ငံအကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူတွေကို ရွေးချယ် မဲပေးကြဖို့ တိုက်တွန်းပြောဆို မဲဆွယ်ခဲ့ပါတယ်။
 
ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းပေးကြဖို့ကို ပြောပါတယ်။
 
စစ်ခေါင်းဆောင်ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့က ပြည်မြို့ကိုရောက်ရှိပြီး ရွေဆံတော်ဘုရားဖူးတာ၊ ကမ်းနားညစျေးကို သွားရောက်တာတွေအပြီး နောက်တရက်မှာ အခုလို တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာပါ။
 
ပြည်မြို့နယ်ဟာ စစ်ကော်မရှင်အပြည့်အဝ ထိန်းချုပ်ထားရာမြို့ဖြစ်ပြီး မြို့ပတ်လည်မှာလည်း စစ်တပ်တွေဝန်းရံထားတဲ့ မြို့ဖြစ်တဲ့အတွက် ပဲခူးတိုင်းအတွင်း စစ်ကော်မရှင်ရွေးကောက်ပွဲ ကျင်းပဖို့ အားထားရာမြို့တခု လည်းဖြစ်နေပါတယ်။
 
ဒါကြောင့်လည်း အခုလိုမျိုး စစ်ခေါင်းဆောင်ကိုယ်တိုင် ဆင်းပြီး ရွေးကောက်ပွဲမဲဆွယ်မှုတွေကို ပြုလုပ်နေတာလို့ မြို့ခံနိုင်ငံရေးသမားတဦး က ပြောပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပြည်မြို့နယ် #ရွေးကောက်ပွဲ #မင်းအောင်လှိုင် #စစ်ကော်မရှင်

You may also like these