တရားမဝင်ရွးကောက်ပွဲကို သတိပေးတဲ့အနေနဲ့ ပေါက်ခေါင်း မြို့မရဲစခန်းရှေ့မှာ မိုင်း (၂) လုံးဖောက်ခွဲ ထိခိုက်ပျက်စီးမှုမရှိ
ဒီဇင်ဘာ ၂၃၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့မရဲစခန်းရှေ့မှာ မိုင်း(၂) လုံးကိုပေါက်ခွဲကာ သတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂) က ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ပြည်မြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရောက်ရှိနေချိန် နံနက် ၈ နာရီကျော်ခန့်က ၂၄ မိုင်ခန့်ဝေးတဲ့ ပေါက်ခေါင်းမြို့မရဲစခန်းရှေ့မှာ မိုင်းခွဲခဲ့တာဖြစ်ပြီး တရားမတင်ရွေးကောက်ပွဲကို သတိပေးပြုလုပ်ခဲ့တာလို့ သိရပါတယ်။
“မိုင်းအမျိုးအစားတော့မပြောတော့ပါဘူး။ ထိခိုက်ပျက်စီးကတော့ စုံစမ်းလို့မရဘူး။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အဓမ္မပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ မိမိတို့ ကိုယ်ပိုင်လွတ်လပ်ခွင့် အနေနဲ့ မိမိတို့ဆန္ဒအရ မဲမပေးချင်သူများလုံးဝမဲသွားမပေးကြဖို့ ပြောချင်တယ်။ စစ်ကောင်စီရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြဖို့ ပြောချင်တယ်။ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်တာမပြုလုပ်ဖို့ ပြောချင်တယ်” လို့ ပြည်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်RedStar က ဒို့ပြည် ကိုပြောပါတယ်။
ဒီမိုင်းခွဲမှုမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပေါက်ခေါင်းမြို့နယ် #ပဲခူးရိုးမ #ပဲခူးတိုင်း #ရွေးကောက်ပွဲ #ဆန္ဒမဲ #မြန်မာရွေ့ပြောင်းလုပ်သား #ထိုင်းနိုင်ငံ