ဒီဇင်ဘာ ၂၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြံလုပ်သားတွေဖြစ်တဲ့ ပြည်မြို့နယ် က လူငယ်(၁) ဦးနဲ့၊ ပေါက်ခေါင်းမြို့နယ်ထဲက (၃) ဦး ဟာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီ သိရပါတယ်။
ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက စစ်ကော်မရှင်တပ်သားတွေဟာ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းစပါးရွာ ထဲအထိ ဝင်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးရာ ကြံတင်နေကြတဲ့ လူငယ်(၃) ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒို့ပြည် ရဲ့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ပြည်မြို့နယ်၊ ဝက်ထီးကန်အပိုင်း အင်းလျားကျေးရွာ အနီးက စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာတွေကို ဆိုင်ကယ်တွေစစ်ဆေးနေတုန်း ကြံကားပေါ်က လူငယ်တွေဟာ ကြောက်လန့်ထွက်ပြေးခဲ့ရာ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့လို့ လူငယ်(၁) ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံက ပြောပါတယ်။
“လမ်းပေါ်မှာ စစ်ဆေးနေတုန်းကြံကားပေါ်က လူငယ်တွေက ကြောက်ပြီးထွက်ပြေးကြတာ။ စခတွေက လိုက်ပစ်တာ။ ဖမ်းပြီးတော့ အင်းလျားရွာနဲ့ ဝါးရုံဆိပ်ဘက်တွေမှာ အယောက်သုံးဆယ်လောက်နဲ့ ခြေရှုပ်နေတယ်” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိကာလမှာ ပြည်ခရိုင်အတွင်း ကြံခုတ်သိမ်းကျိတ်ခွဲရာသီဖြစ်ပြီး ကြံကိုလည်း ဒေသတွင်းအများအပြားစိုက်ပျိုးကြတဲ့အတွက် ကြံလုပ်သားတွေ အလုပ်များချိန်လည်းဖြစ်ပြီး နေ့ညမရွေးလမ်းမတွေနဲ့ ကြံခင်းတွေအတွင်း လုပ်သားတွေ သွားလာလုပ်ကိုင်ကြချိန်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ယနေ့နံနက်ပိုင်းမှာတော့ ဝက်ထီးကန်ဘက်ကနေ ဆီဆုံကုန်းရွာ ဘက်ကို စစ်ကားအကြီး(၅) စီး၊ အသေး(၂) စီးနဲ့ အင်အားအပြည်၊ လက်နက်အပြည့်အစုံနဲ့ တက်လာကြပြီး မြောက်နဝင်းဆည်ရိပ်သာ မှာ တပ်စွဲမယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မြို့နယ်အစပ် ကျေးရွာတွေနဲ့ ခရိုင်ချင်းဆက်တွေလမ်းတွေမှာ စစ်ကော်ရှင်မတပ်ဖွဲ့တွေ သွားလာစောင့်ကြည့်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပြည်မြို့နယ် #ပေါက်ခေါင်းမြို့နယ် #ပဲခူးတိုင်း #ပဲခူးရိုးမ #စစ်မှုထမ်းတပ်သားသစ် #လူငယ့်ရေးရာ #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား