နတ်တလင်းမှာ စစ်ရှောင်နေကြတဲ့ ဘုန်းကြီး(၁) ပါးပျံလွန်တော်မူပြီး လူ (၄) ဦးထိ သေဆုံး

ဒီဇင်ဘာ ၂၄၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲမှာ စစ်ရှောင်နေကြရတဲ့ သူတွေထဲက သေဆုံးတာတွေနဲ့ ကျန်းမာရေးမကောင်းလို့ ဆေးကုသနေရသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆီဆုံကုန်းရွာ၊ သဖန်းချောင်းရွာ၊ မြွေကြီးဥရွာ၊ သီရိမြိုင်ရွာ တို့က စစ်ရှောင်နေကြရသူတွေ ဖြစ်တဲ့ ဦးလှဝင်း(၆၇ နှစ်)၊ ဒေါ်ဒေါင်းညွှန့်(၈၀ နှစ်)၊ ဦးအောင်တင်မင်း(၄၇ နှစ်)၊ မောင်အောင်ရဲလင်း (၁၇ နှစ်) တို့ ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် သေဆုံးခဲ့ကြရသလို ဘုန်းကြီး ဦးရေဝတ(၅၂ နှစ်) ဟာလည်းပျံလွန်တော်မူခဲ့ ရတယ်လို့ သိရပါတယ်။

“သူတို့ကစစ်ရှောင်ရင်း တောတိုက်တွေထဲ ကျန်းမာရေးမကောင်းလို့ သေကြရတာပါ။ အဲဒီထဲက တချို့ကတော့ ခက်ခဲနေလို့ ဆွမ်းမသွတ်ရသေးဘူး” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦး က ဒို့ပြည် ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က စတင်ကာ စစ်ရှောင်နေကြရစဉ်အတွင်း သေဆုံးခဲ့ကြရတာလို့ သိရပြီး ဒါ့အပြင် ကျန်းမာရေးမကောင်းတဲ့အတွက် သက်ကြီးရွယ်အို(၃) ဦးနဲ့ ကလေးလူငယ်(၃) ဦးတို့ဟာလည်း ဆေးကုသမှုကို ခံယူနေကြရတယ်လို့ သိရပါတယ်။

“ရှားစေးဘိုဘက်မှာ စစ်ဘေးရှောင်တွေကတော်တော် များလာတယ်။ ရွာထဲမှာ မနေရဲသလောက်ပဲ ကျန်းမာရေးမကောင်းတော့ ဆေးထိုးတော့လည်း ဆရာတွေက မလာနိုင်ဘူး။ တော်တော်ဒုက္ခရောက်ပါတယ်။” လို့ စစ်ရှောင်မိသားစုဝင်အမျိုးသမီးတဦးကလည်း ဒို့ပြည် ကို ပြောပါတယ်။

နတ်တလင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၁၂ ရက်နေ့ကစတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်ခံရမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုတွေကြောင့် ကျေးရွာ (၅၀) ခန့်ဟာ စစ်ရှောင်နေကြရပြီး စစ်ရှောင်ဦးရည် ၃ သောင်းကျော်ခန့်ရှိကာ မြို့ပေါ်ကို ရှောင်တိမ်းလာတဲ့အရည်အတွက် ၃ ထောင်ကျော်မှာရှိနေတယ်လို့ သိရပါတယ်။

လက််ရှိမှာတော့ ဒေသတွင်းကူညီထောက်ပံ့သူတွေနဲ့ ပြည်တွင်း/ပြည်ပ အလှူရှင်တွေက ကူညီနေကြပေမဲ့ အခက်ခဲတွေ အကူညီလိုအပ်မှုတွေ ရှိနေဆဲလို့ ဆိုပါတယ်။

ဓါတ်ပုံ- လူမှုကွန်ရက်စာမျက်နှာက ကူးယူဖော်ပြပါသည်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပေါင်းတည် #ဇီးကုန်း #နတ်တလင်း #ဒမငယ် #စစ်တပ် #လေကြောင်းတိုက်ခိုက်မှု #စစ်ဘေးရှောင် #ကူညီကယ်ဆယ်ရေး

You may also like these