နတ်တလင်းမြို့နယ်မှာ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံး

ဒမငယ်တိုက်ပွဲမှာ သေဆုံးစစ်သားအလောင်းတွေ လာမသယ်သေးလို့ ပုပ်ပွနေ

ဒီဇင်ဘာ ၃၀၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ် ထဲမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီခွဲဝန်းကျင်ခန့်က ကံသုံးဆင့်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၃၅ ဦးခန့်နဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆ ဧရာညီနောင် တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်လက်အောက်ခံ ၂ ဦးသေဆုံးပြီး ၆ ဦးသေဆုံးကာ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဧရာညီနောင်တပ်ဖွဲ့ ဆီက သိရပါတယ်။

“ဖြစ်တာကတော့ ပေါင်းတည် နဲ့ နတ်တလင်း မြို့နယ် အစပ် ကန်သုံးဆင့်ကျေးရွာ ကြာနီကန်ကွက်သစ် ကြာနီကန် စခန်းနဲ့ အနီးဆုံးဖြစ်တယ်။တိုက်ပွဲက ၂ နာရီလောက်ကြာတယ် ကျနော်တို့နဲ့ သူတို့ စစ်ကြောင်းနဲ့ ၁ မိုင်လောက်ပဲကွာတဲ့အချိန်မှာ ကျနော်တို့ ရဲဘော်တွေ သတင်းရတဲ့အတွက် ပတ်ဝိုင်းပြီးစီးနင်းတိုက်တယ် သူတို့ကတော့ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ နေတော့ အနေသာတာပေါ့။ ဒါပေမဲ့ မှောင်ခါနီးမှာ သူတို့ ပြန်ဆုတ်သွားတယ်။ သေဆုံးအလောင်းတွေလည်း ပြန်ကောက်သွားတယ်။” လို့ ၃၈၀၁ ဒုတပ်ရင်းမှူးလည်းဖြစ် ဧရာညီနောင်တပ်ဖွဲ့ဦးဆောင်သူလည်းဖြစ်တဲ့ ကိုညီ က ဒို့ပြည် ကို ပြောပါတယ်။

အလားတူ တပြိုင်တည်းမှာပဲ တောင်ညိုကွက်သစ်စခန်းနဲ့အနီး ကွင်းကျယ်ရွာ လယ်ကွင်းထဲမှာလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ရင်းရဲဘော်တွေနဲ့ တပ်ခွဲ ၂ Phoenix DF တပ်ဖွဲ့ နဲ့ စစ်ကော်မရှင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး သေနတ် ၁ လက်၊ ဗုံးသီးတွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ ရလိုက်တယ်လို့ သိရပါတယ်။

“ကွင်းကျယ်၊ တောင်ညိုကွက်သစ် အနည်းဆုံး ၁၀ ကောင်ကျော်ကျော် ကျတယ် သေနတ် ၁ လက်နဲ့ ဗုံးသီးတွေရတယ် ကျောပိုးအိတ်တွေများတယ်။ တပ်ရင်းရုံးရဲဘော်တွေ နဲ့ တပ်ခွဲ ၂ ဦးဆောင်တိုက်တယ်။ တပြိုင်တည်းမှာ ပဲ ပွဲနှစ်ပွဲ ဖြစ်တာပေါ့” လို့ တပ်ရင်း ၃၈၀၁ ဒုတပ်ရင်းမှူးကိုညီက ပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ အတုအယောင်ရွေးကောက်ပွဲ အတွက် လုံခြုံရေးယူဖို့ ရောက်ရှိ စစ်ကြောင်းထိုးနေတဲ့အဖွဲ့တွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ်ထဲမြေပြင်စစ်ကြောင်းမှာ အထိနာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ဒမငယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို လာရောက်ကောက်ယူတာမျိုးမရှိသေးတဲ့အတွက် ပုပ်ပွနေတာ ၇ လောင်းလောက်ရှိနေတယ်လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်ထဲမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းအလွန်အကျွံ့သုံးတိုက်ခိုက်နေတာဖြစ်ပြီး ဒေသခံစစ်ရှောင် ၃ သောင်းခန့်ရှိနေတယ်လို့ သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #နတ်တလင်းမြို့နယ် #စစ်ကော်မရှင် #အတုအယောင် #ရွေးကောက်ပွဲ #ဒမငယ် #လူထု #သတိပြုပါ #ထိုင်းနိုင်ငံ #မဲဆောက် #မြန်မာရွေ့ပြောင်းလုပ်သား

You may also like these