ဒဏ်ရာရသူများပြားပြီး စစ်ရှောင်နေကြရ
ဒီဇင်ဘာ ၃၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတိီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးမိခင်တဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့ ညက စစ်တပ်လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဥယျာဉ်ကြီးရွာက ၄ နှစ်သားကလေးမိခင်ဖြစ်သူမအိသဇင်မိုး(ခ) မိုးဒီ ဟာ သေဆုံးခဲ့ရပြီး အမျိုးသားဖြစ်သူဟာလည်း ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
“ရွာပေါ်ကို ပေါင်(၅၀၀) ဗုံးကြဲတာ။ အခုတော့ တယောက်ပဲ အတည်ပြုနိုင်ပါသေးတယ်။ သူ့ယောင်္ကျားကတော့ ပြည်သူ့ဆေးရုံမှာ မသက်သာလို့ ရန်ကုန်ကိုပြေးရတယ်။ တောင်ခြေဆိုတော့ အသေအပျောက်တွေရှိတယ်။” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေက မြေပင်ကနေ စစ်ကြောင်းထိုးဝင်ရောက်တာတွေလည်း ရှိပြီး လမ်းတွေကိုပိတ်ဆိုထားကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အဲရွာတွေဘက်က ငြိမ်နေတာကြာပြီ။ ဗုံးကြဲခံရတာတော့ ခဏခဏ။ အခုက ကြောက်လန့်ပြေးတဲ့အချိန် စစ်သားတွေက အိမ်တွေထဲက ငွေတွေယူ ဆိုင်ကယ်တွေယူသွားတာတွေ လုပ်တယ်” လို့ ဒေသခံက ပြောပါတယ်။
မအိမ်သဇင်မိုး ဟာ ညောင်လှရွာကဖြစ်ပြီး ဥယျဉ်ကြီးရွာမှာ အိမ်ထောင်ကျနေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နတ်တလင်း၊ ပေါင်းတည် နဲ့ ပေါက်ခေါင်းတို့မှာလည်း ပဲခူးရိုးအခြေကို စစ်ကြောင်းထိုးနေတာတွေရှိပြီး ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေကာ ဒေသခံများစွာ စစ်ရှောင်နေကြရပါတယ်။
ပုံစာ-သေဆုံးခဲ့သူ မအိသဇင်မိုး။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #သာယာဝတီခရိုင် #ပဲခူးရိုးမ #ကြို့ပင်ကောက် #လေကြောင်းအန္တရာယ် #ကလေးသူငယ် #အမျိုးသမီး #သတိပြုပါ