ရခိုင်ရိုးမ ညောင်ကျိုးအနီးတိုက်ပွဲမှာ စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ ဗျူဟာမှူးအပါ တပ်သား ၁၀ ဦးကျော်သေဆုံး

ဇန်နဝါရီ ၆၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဒေသ နဲ့ မသုန်ရွာ အနီးမှာ ရှိတဲ့ ပွိုင့် ၆၆၆ ကာကင်းစခန်းကုန်းမှာ တိုက်ပွဲ ပြန်လည်ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ က ကပစ(၁၆) ကာကင်းစခန်းကို အာရက္ခတပ်တော်-AA က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ စစ်ကော်မရှင်တပ် ဗျုဟာမှူးဗိုလ်မှူးကြီး (၁) ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အာရက္ခတပ်တော်ပူးပေါင်းအဖွဲ့က စနိုက်ပါနဲ့ ပစ်တာပါ။ သေသွားတဲ့ ဗျူဟာမှူးအမည်တော့ မသိရသေးဘူး။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ရှိနေပါတယ်။” လို့ ဒို့ပြည် ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပြီး ပုသိမ်-မုံရွာ ကားလမ်း ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းနယ်ကြားက ဘတ်ရဲ မှာ ကားတွေအများကြီးကို ချောဆွဲပြီး စစ်တပ်ဘက်ကရိက္ခာဖြည့်နေတယ်။” လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

ပွိုင့် ၆၆၆ ကာကင်းစခန်းကုန်းဟာ စစ်ကော်မရှင်တပ်အတွက် အရေးပါတဲ့ ယမ်းချက်လုပ်နေကြတဲ့ ကပစ(၁၆) နဲ့ အနီးဆုံးမှာရှိပြီး၊ အဲဒီစက်ရုံပြီးရင်တော့ ကပစ(၅) ကမြိုင် တို့ ဖြစ်ကာ ကပစ(၅) နဲ့ ၄ မိုင်အကွာမှာတော့ ပုသိမ်-မုံရွာလမ်းမကြီး တည်ရှိနေတာပါ။

အဲဒီစခန်းကုန်းကို အာရက္ခတပ်တော်-AA က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်က စတင်သိမ်းပိုက်ခဲ့ပြီး ဗျူဟာအရ အဆုတ်အတက် လုပ်ကာ တိုက်ပွဲဖော်ဆောင်နေတဲ့အတွက် စစ်ကော်မရှင် အဆင့်မြင့်အရာရှိကြီးအတွေအပါအဝင် တပ်သားအင်အား အများအပြား သေဆုံးနေရသလို ထွက်ပြေးခိုလှုံသူအရည်အတွက်လည်း များပြားနေပါတယ်။

ဗိုလ်မှူးဝေယံလင်းဟာလည်း အဲဒီစခန်းကုန်းတိုက်ပွဲမှာ သေဆုံးခဲ့ရတာဖြစ်ပြီး
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သီဟသူရဘွဲ့ ပေးအပ် လိုက်ပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပန်းတောင်း #ညောင်ကျိုး #မသုန် #ကပစ #ဗျူဟာမှူး #ဗိုလ်မှူးကြီး #စနိုက်ပါ #အာရက္ခတပ်တော် #AA #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား

 

You may also like these