ရန်သူသေဆုံးများတဲ့ နတ်တလင်းတိုက်ပွဲ တော်လှန်ရေးတပ်တွေ ဘာလို့ နောက်ဆုတ်ခဲ့ရတာလဲ

(ရုပ်/သံ)

ဇန်နဝါရီ ၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်း၊ တောင်ညိုစခန်းတိုက်ပွဲမှာ ၄ နာရီကြာ တိုက်ခိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်က တောင်ညိုစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ပစ်ခတ်ခဲ့တာမှာ ၄ နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ခဲယမ်း မရှိတော့တဲ့အတွက် ပြန်ဆုတ်ခွါခဲ့ရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ phoenix df တာဝန်ခံက ဒို့ပြည် ကို ပြောပါတယ်။

“စခန်းကုန်းပေါ်အကုန်တက်ပြီးမှ ဘန်ကာတွေ မဖောက်နိုင်လို့ နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်။ ကျည်မလုံလောက်လို့ ပြန်ဆုတ်ခဲ့ရတယ်။ စခန်းကုန်းဘန်ကာအထိရောက်ပြီးမှ ပြန်ဆုတ်ခဲ့ရတယ်။ ဘန်ကာတွေဖြိုနိုင်တဲ့ လက်နက်မရှိတော့ အားငယ်ရတယ်။ လက်နက်ခဲယမ်းရှိရင် ဘယ်လောက်တိုက်ရတိုက်ရ ပြည်သူအတွက်အသက်ပေးဖို့ ဝန်မလေးပါဘူး။” လို့ တပ်ခွဲ ၂ phoenix df တာဝန်ခံက ပြောပါတယ်။

You may also like these