🟥 စစ်ကော်မရှင်တပ်သား (၅၀) ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများစွာရထား
ဇန်နဝါရီ ၉၊ ၂၀၂၆။
ပဲခူးတိုင်းအရှေ့ခြမ်း၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း ပေါ်က အုတ်တွင်းမြို့နယ်၊ ကျောက်တံခါးမြို့နယ် တို့က စစ်ကော်မရှင်တပ် ဂိတ်စခန်း(၁၄) ခုကို ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်က တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့(အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်က အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နဲ့ ကျွဲပွဲကြား စည်ပင်သာကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နဲ့ နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောကျွဲအင်းမြို့ နယ်မြေရဲစခန်းမှာ အကြမ်းဖက်စစ်ကော်မရှင်က မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပြည်သူ (၈) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က စီစစ်လွှတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ညောင်လေးပင်မြို့ နဲ့ ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် – မန္တလေးလမ်းဟောင်းမှာလည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ စစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ကျောက်တံခါး #ညောင်လေးပင် #အုတ်တွင်း #ရန်ကုန်မန္တလေးလမ်းဟောင်း #တောကျွဲအင်းမြို့ #ပဲခူးတိုင်းစစ်ဌာန #အမှတ်(၂) စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF #စစ်တောင်းမြစ်ဝှမ်းဒေသ