စစ်တပ်ရွေးကောက်ပွဲ အပိုင်း(၂) လုပ်နေတဲ့ မင်းလှမြို့နယ် မဲရုံအနီးမိုင်းခွဲခံရ

ဇန်နဝါရီ ၁၁၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ လမ်းမတော်လမ်း၊ တရုတ်ကျောင်းမဲရုံးအနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗုံးခွဲမှုကိုတော့ ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက် ၄ နာရီခွဲခန့်က မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို က ရဲဘော်တွေက ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ဒါ့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း မင်းလှမြို့နယ်၊ လက်ပံရေကျော်အုပ်စု အမှတ်(၁) မဲရုံစောင့် စစ်သား၊ ရဲ၊ နဲ့ ပျူစောထီးတွေ ဝင်ထွက်သွားလာနေတဲ့ အဝင်လမ်းကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်ဟာ စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်နေတဲ့ မြို့နယ်တွေထဲမှာ တမြို့အပါအဝင်ဖြစ်ပါတယ်။

ပုံစာ-မင်းလှမြို့အတွင်းမဲရုံများပြင်ဆင်နေမှုမြင်ကွင်း
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #သာယာဝတီ #မင်းလှ #အတုအယောင်ရွေးကောက်ပွဲ #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား

You may also like these