ဇန်နဝါရီ ၁၂၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြည်-ကံမလမ်းပေါ် မှာ မဲရုံတွေလှည့်လည်စစ်ဆေးနေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးအဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်မှာ သတင်းထုတ်ပြန်ပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၁၁ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်က ကံမမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် လိုက်ပါပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ Double-Cub ကား(၂)စီး ကို ပြည်-ကံမလမ်း ပြောင်ကျကျေးရွာနဲ့ ပယ်ကျကျေးရွာ ကြားတနေရာမှာ ကံမမြို့နယ် ပကဖ ရဲဘော်တွေက စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုမှာ အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင်၊ ယာဉ်မောင်းသန့်ဇင်အောင် နဲ့ လုံခြုံးရေးတပ်ဖွဲ့ဝင် (၂) ဦးကျည်ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး ရွေတောင်မြို့နယ်၊ ကုတင်(၁၀၀) စစ်ဆေးရုံမှာ တက်ရောက်ကုသနေချိန် အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင် နဲ့ ယာဉ်မောင်းသန့်ဇင်အောင် တို့ဟာ အဲဒီနေ့ နေ့လည် ၁ နာရီခွဲမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
ကျန်ရှိတဲ့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ပကဖရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ထန်းတပင်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်နေတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ခိုက်တာမှာလည်း အစည်းအဝေးပြုလုပ်နေတဲ့ စစ်ကော်မရှင်ဒေါက်တိုင် ခရိုင် ဒု – ညွှန်ကြားရေးမှူး (၁)ဦးသေဆုံးပြီး အခြားဌာနဆိုင်ရာဝန်ထမ်း အများအပြား ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#မကွေးတိုင်း #သရက်ခရိုင် #ကံမမြို့နယ် #စစ်ကော်မရှင် #အုပ်ချုပ်ရေး #အတုအယောင်ရွေးကောက်ပွဲ