ငဖဲမြို့နယ် ရခိုင်ရိုးမမှာ AA နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး (ရုပ်/သံ)

ဩဂုတ် ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ (၃၀၀၀) ကျော် အကွာအဝေးမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ AA ကယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၄ ရက်၊ နေ့လည် ၃ နာရီခန့်မှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေရှိရာ ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီ တပ်မ(၉၉) လက်အောက်ခံ တပ်သားတွေဟာ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

မိနစ် (၃၀) ခန့်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်သားအလောင်း (၂၀) ခန့်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

You may also like these