

ဩဂုတ် ၂၂၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ အကျဉ်းထောင်ကြီးမှာ ရာဇဝတ်အကျဉ်းသားတွေကို ငွေတောင်းယူမှု ပိုဆိုးလာနေတယ်လို့ အကျဉ်းသားမိသားစုတွေဆီက သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ပြည်အကျဉ်းထောင်မှာ ရဲဘက်ကိုမလိုက်ချင်သူတွေ တဦးကို ၅ သိန်းကျပ်ပေးရမယ်လို့ ဒုထောင်ပိုင်လေးဂန်ရှန်းခိုင် က တောင်းနေတယ်လို့ အကျဉ်းသားမိသားစုဝင် က ပြောပါတယ်။
“အဆောင်ပြောင်းတဲ့အခါကလည်း အခန်းကောင်းဖို့အတွက် ၃ သိန်းပေးခဲ့ရပြီးပြီ။ အခုလည်း ရဲဘက်စခန်းကိုမလိုက်ချင်သူဆိုရင် ဒုထောင်ပိုင်လေးကို ဂါရမယ်ဆိုပြီး မိသားစုတွေကို တောင်းလာတယ်။” လို့ အကျဉ်းသားမိသားစုဝင်တဦး က ပြောပါတယ်။
ဒုထောင်ပိုင်လေးဂန်ရှန်းခိုင် ဟာ စစ်တပ်ကပြောင်းလာတဲ့ ဂန်းရှော့(ခြေတဖက်ပြတ်) မသန်စွမ်း တဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်လောက်က ပြည်အကျဉ်းထောင်ကို ပြောင်းရွေ့လာတာလို့ သိရပါတယ်။
ငွေတောင်းခံနေရသူတွေဟာ လူသက်မှု၊ ဆေးမှု၊ ခိုဆိုးလုယုက်နဲ့ အခြားရာဇဝတ်အမှုမှ အကျဉ်းသားတွေဖြစ်ပြီး အပြင်ဘုတ်(ရဲဘက်) မပါချင်ရင် (၁)ယောက်ကို (၅)သိန်း ပေးဆောင်ဖို့တောင်းခံရတာလို့ ဆိုပါတယ်။
ရန်ကုန်အင်းစိန်ကအကျဉ်းသားတွေ ပြည်ထောင်ကို ပြောင်းရွေ့စဉ်ကလည်း အခန်းပြောင်းကြေး နေရာကောင်းကောင်းရဖို့ (၁)ယောက်ကို (၃)သိန်းပေးခဲ့ရသေးတယ်လို့ လည်းသိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay