

🟥 လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနဲ့ အရေးကြီးလူသုံးကုန်များပါဝင်
ဩဂုတ် ၂၇၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်းက မြို့တွေ အဓိကပါဝင်တဲ့ အိမ်အရောက်ပို့ဝန်ဆောင်မှု(Delivery) လုပ်ငန်း ကုန်ပစ္စည်းကန့်သတ်ပိတ်ပင်မှု ထုတ်ပြန်ကြေညာချက် တခုဟာ ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ ထွက်ပေါ်လာပါတယ်။
ကုန်ပစ္စည်းတွေကို မပို့ရဘူးဆိုတဲ့ ကန့်သတ်ခံရတဲ့ မြို့တွေကတော့ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ တောင်ငူ မြို့နယ်တို့ ဖြစ်ပြီး ဝန်ဆောင်မှုလုပ်ဆောင်ပေးလို့ မရတော့တဲ့ ကုန်ပစ္စည်းတွေကိုလည်း အသေးစိပ် ရေးသားထားပါတယ်။
ကန့်သတ်ခံရတဲ့ ပစ္စည်းတွေကတော့ ဆိုလာ/လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဆေးဝါး၊ မီးစက်၊ ဘတ္ထရီ၊ လက်ကိုင်ဖုန်း၊ ၊ အင်ဂျင်ဝိုင်၊ လျှပ်စစ်စက်ဘီး၊ မီးလုံး ဓါတ်ခဲတို့ လို အရေးအကြီးပစ္စည်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ မယ်လမင်း၊ အမွှေးတိုင်၊ ဖျာ၊ လူကြီးဒိုက်ဘာ၊ အလှကုန်အမျိုးမျိုး၊ ခြေညှပ်ဖိနပ်၊ အုန်းနို့၊ ကြာဇံ၊ ခေါက်ဆွဲ၊ လက်ဖက်ခြောက်၊ သစ်သီးမျိုးစုံ၊ သွားတိုက်တံ/ဆေး၊ ဆပ်ပြာ၊ ငှက်သိုက်၊ တစ်ရူး၊ ကြက်အူချောင်း၊ အသင့်သောက်နို့၊ ဒိန်ချဉ်၊ တာယာ၊ ကျွတ်၊ ပရုတ်လုံး၊ ပလပ်စတစ်ခြင်း/ပုံး/ ခွက် တို့လို လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်တွေလည်း ပါဝင်ပါတယ်။
ဒီလိုအိမ်အရောက်ဝန်ဆောင်မှုကို ပေးနေတဲ့ ကုမ္ပဏီတွေထဲကမှ Wepozt Express ကတော့ ပဲခူးတိုင်းနဲ့ ပတ်သက်ပြီး မြို့နယ်အသေးစိပ်ကိုရေးသားထားပေမဲ့ Royal Express ကတော့ ပဲခူးတိုင်းလို့သာ ရေးသားထားပြီး ပို့သူနဲ့ လက်ခံသူ ကုမ္ပဏီ လိုင်စင်/ဆိုင်လိုင်စင် ထောက်ခံစာရှိမှသာ အနည်းငယ် ပို့ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ပြင်ဦးလွင် တို့ကိုလည်း ကန့်သတ်ပိတ်ပင်မှုတွေ ပါဝင်လာပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay