ရွေးကောက်ပွဲဟာ တဇွတ်ထိုးလုပ်သွားမယ်ဆိုရင် နောက်ဆက်တွဲ တော်တော်ကြီးမယ်

(ရုပ်/သံ)

ဩဂုတ် ၂၈၊ ၂၀၂၅။

ကရင်အမျိုးအသားအစည်းအရုံး-KNU ရဲ့ နိုင်ငံခြားရေးရာဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး ဟာ ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံနယ်စပ်တနေရာမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောဆိုခဲ့တာပါ။

“ကျနော်တို့ယုံကြည်တာက အောင်မြင်မှာလည်းမဟုတ်ဘူး။ နောက်ဆုံးအကြိမ် ရွေးကောက်ပွဲဖြစ်ဖို့အတွက် ကြမ်းတာ၊ ရမ်းတာလုပ်လာတဲ့အခါ အကုန်လုံးဆုံးရှုံးသွားမယ်ဆိုတာ လုံးဝယုံ” လို့ ဖဒိုစောတောနီးက ပြောပါတယ်။

Health Information System Working Group (HISWG) ရဲ့ ၂၀၂၄ ခုနစ် တိုင်းရင်းသား လူဦးရေစာရင်းနဲ့ကျန်းမာရေးစစ်တမ်း (Ethnic Demographic and Health Survey (EDHS) အစီရင်ခံစာကို ထုတ်ပြန်ပွဲအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံ ခဲ့တာပါ။

ဒီဖြေကြားမှုတွေကိုတော့ အဲဒီပွဲကိုတက်ရောက်သတင်းရယူရိုက်ကူးခဲ့တဲ့ ကိုအောင်အောင် က ပေးပို့ထားပါတယ်။

ရိုက်ကူး-Aung Aung၊ တည်းဖြတ်-ခက်ငြိမ်း

You may also like these