ပေါင်းတည်မှာ မြတ်စွယ်တော်ပွဲတော်ကျင်းပခါနီး ပေါက်ကွဲမှုဖြစ်လို့ ဖမ်းဆီးခံရသူများရှိ

ဩဂုတ် ၂၉၊ ၂၀၂၅။
 
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်အထွက် သရက်တောချောင်းနားအနီးမှာ ဗိုလ်မှူးတဦးပိုင်တယ်ဆိုတဲ့ KTV နဲ့ Beer ဆိုင်အနီးမှာ ဗုံးပေါက်ကွဲမှုကဲ့သို့ ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ယမန်နေ့ ဩဂုတ်လ ၂၈ ရက်၊ နေ့လည် ၃ နာရီခန့်က life KTV၊ Beer ဆိုင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ် ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
“ဗုံးပေါက်တယ်လို့တော့ ပြောကြတယ်။ အသံကတော့ အတော်ကြီးကိုကျယ်တယ်။ အနီးနားပတ်ဝန်းကျင်မှာ ရှာဖွေဖမ်းစီးတာမျိုးရှိတယ် လူအတော်များအဖမ်းခံရတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
 
စက်တင်ဘာ ၄ ရက်နေ့မှာတော့ ပေါင်းတည်မြို့ရဲ့ မြတ်စွယ်တော်လှည့်လည် အပူဇော်ခံပွဲတော်ကို အစဉ်အလာမပျက်ကျင်းပမယ်လို့ ကြေညာထားပြီး လုံခြုံရေးတင်းကျပ်ထားသလို ပြည်သူ့စစ်သင်တန်းဆင်း တွေက စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these