

ဩဂုတ် ၃၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲတော်ကို စက်တင်ဘာလ ၃၀ ရက်နေ့ကစတင်ပြီး ကျင်းပနေပြီဖြစ်ကာ လက်ရှိမှာတော့ စျေးဆိုင်တန်းတွေနဲ့ လာရောက်လှည်ပတ်သူတွေ အသင့်အတင့်ရှိလာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
နှစ်စဉ်ဆိုသလို တော်သလင်းလဆန်း(၁၂) ရက်နေ့ကနေ လပြည့်ကျော်(၁) ရက်နေ့အထိ ကျင်းပလေ့ရှိတဲ့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲမှာ ဆင်(၃) ကောင်၊ ယိမ်းကားတွေ၊ ဇာတ်နိပါတ်တော်လာ လှည်းယာဉ်တွေကို ပါ ထည့်သွင်းကျင်းပလေ့ ရှိပါတယ်။
အဲဒီလိုစည်ကားစွာကျင်းပခဲ့တာ နှစ်ပေါင်း ၁၀၀ ခန့်ကြာပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်ကနေ စတင်ကာ ကိုဗစ်ကာလ၊ အာဏာသိမ်းကာလတွေနဲ့ ကြုံခဲ့ရတဲ့အတွက် မကျင်းပနိုင်ပဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာတော့ စွယ်တော်တိုက်တွင်း ထားရှိပူဇော်ခံ အကျဉ်းရုံးပြန်လည်ကျင်းပလာခဲ့ကာ ယခုနှစ်မှာတော့ မြတ်စွယ်တော်ကို ဆင်တွေနဲ့ မြို့တွင်းလှည့်လည်အပူဇော်ခံမှာဖြစ်ပြီး ယိမ်းကားတွေမပါဝင်ပေမဲ့ DJ ဖျော်ဖြေပွဲတွေ နဲ့ ဆပ်ကပ်တွေ လည်းဝင်မယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ယိမ်းကားမပါပေမဲ့ ဆင်နဲ့ တော်သလင်းလဆန်း ၁၃ရက် နေ့မှာ လှည့်နေကြအစီအစဥ်လမ်းကြောင်းအတိုင်း လှည့်မှာ ယိမ်ကားတွေဇတ်ပွဲတွေမပါရှိပေဲ့ ပွဲစျေးသည်တွေတော့တဖွဲဖွဲရောက်နေပါပြီ” လို့ မြို့ခံတဦး က ဒို့ပြည် ကိုပြောပါတယ်။
ပွဲတော်အတွင်း လုံခြုံရေးကိုတော့ ပြည်သူ့စစ်သင်တန်းဆင်း အပြာဝတ်တွေကလည်း စောင့်ကျပ်တာမျိုးတွေ ရှိနေသလို မြို့မှာ စစ်မှုထမ်းဖမ်းဆီးတာတွေလည်း ရှိတဲ့အတွက် လာရောက်လည်ပတ်သူတွေ သတိထားဖို့လိုမယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ပြည်သူစစ်တွေ လုံခြုံရေးယူနေတာမျိုးရှိတယ်။ သတိနဲ့သွားလာလည်ပတ်ကျဖို့ ပွဲတော်လည် လူငယ်လူရွယ်လူရွယ်တွေကိုလည်း စိုးရိမ်ရတဲ့အနေအထားရှိတယ်။ ပွဲတော်လာမိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်စေချင်ပါတယ်။ လူငယ်လူရွယ်တွေအနေနဲ့အပျော်အပါးထက် မိမိအန္တာရာယ်ကို သတိထားစေခချင်မိပါတယ်” လို့ မြို့ခံတဦးကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းပဲရှိသေးတဲ့ ဩဂုတ်လ ၂၈ ရက်၊ နေ့လည် ၃ နာရီခန့်က life KTV၊ Beer ဆိုင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ် ခဲ့ပါသေးတယ်။
“ဒီလိုအဖက်ဖက်က အဆင်မပြေမှု့များစွာရှိနေတဲ့ ကာလဖြစ်သလို စီးပွားရေးကျပ်တည်းတဲ့အချိန် စွယ်တော်ပွဲဖြစ်ပေမဲ့ မပျော်ရွင်မိပါဘူး။ အရင်လိုစည်းကားသိုက်မြိုက်တဲ့ စွယ်တော်ပွဲမျိုးကိုပဲ ပြန်တမ်းတနေမိတယ်” လို့ မြို့ခံအမျိုးသမီးတဦး ကလည်း ပြောပါတယ်။
ပေါင်းတည်ဗုဒ္ဓမြတ်စွယ်တော်ဟာ စွယ်တော်ပွားတဆူဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ (သီဟိုဠ်ကျွန်း) က ဗုဒ္ဓစွယ်တော်အစစ်နဲ့ ၇ ရက်ကြာ အတူထားရှိခဲ့ပြီး ပေါင်းတည်မြို့ကို ပင့်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
သတင်း-မေသတ္တိ၊ စာတည်း-ခက်ငြိမ်း
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay