(#သရော်စာ)
စက်တင်ဘာ ၁၊ ၂၀၂၅။
ကျုပ်တို့နိုင်ငံကြီးရဲ့ကမောက်ကမဖြစ်စဥ်တွေကလည်း တနေ့တမျိုးရိုးတယ်လည်းတယ် မရှိပါဘူး။
ငြိမ်ပိတို့ခေတ်က တာစားခဲ့တဲ့ ပြည်ပအားကိုးပုဆိန်ရိုး၊ အနောက်မျှော်ဝါဒအလိုမရှိဘာဘာညာညာတွေကလေ၊ အခုအခါကျတော့ မအလတို့ စောက်ကော်မရှင်တွေအတွက် လိုက်နာဆောင်ရွက်ဖွယ်ရာ နည်းကောင်းပဒေသာ ပါတကား။
ကြည့်လေ မအလတို့ စကမအုပ်စုကြီးဟာ၊ လက်နက်ကိုင်အချင်းချင်း ဘာသောက်အရည်အချင်းမှမရှိပဲ နယ်မြေတွေဆုံးရှုံးပေးခဲ့ရတာ မှတ်မှတ်ထင်ထင်တစ်သုညနှစ်ခွင်(၁၀၂၇)ဆိုပြီးတော့လေ။ ဒါတောင်မှ အလျှံပယ်စစ်အသုံးစရိတ် အဖြတ်အတောက်မရှိရယူထားတဲ့ စတန်းဒက်အာမီကြီးနော်။
အဲသဟာကြီးက တိုက်လင်ပြန်တွေမှ အားမနာကွယ်”ပထွေး စိန”ကိုကယ်ပါယူပါတဆာဆာလုပ်ပြီးနယ်မြေတွေ ဇွတ်ကြီးပြန်တောင်းနေလိုက်ရတာ ရှယ်ဖွယ်လိလိ။ငြိမ်ပိတော်ကီနဲ့ ကျွေးလိုက်ရရင်တော့ ပြည်ပအားကိုးမအေယိုးပေါ့လေ။
ဟော နောက်တစ်ခုလာပြန်ချေသေး။ အနောက်မျှော်ဝါဒအလိုမရှိဆိုတဲ့စကမအုပ်စုကြီးက အမေဒိကန်ကြီးနဲ့ နီးစပ်ပျစေဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့လော်ဘီတွေငှါးလိုက်ရတာ ၂ ခုကြီးများတောင်ရှိပတဲ့ အရပ်ကတို့ရေ့။ လော်ဘီလုပ်ခတွေကလည်းနည်းပါဘူးလား။ ဒေါ်လာတွေ သန်းနဲ့ချီလို့ပါလားဗျာတို့။
စကားမစပ် မအလကြီးကနိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအသစ် ဖွဲ့စည်းရာမှာ မသာဝန်ကြီးချုပ်ညစ ကိုဥက္ကဌခန့်ထားဆိုပဲ။ မသာဝကကညစ အပါအဝင် ၆ကောင် အဖွဲ့ပေါ့လေ။ ဒေါ်လာအဝင်နည်းလို့ ပြည်ပသုံးငွေစိစစ်ထိန်းချူပ် ဖို့ဆိုလား။အခုလို လော်ဘီကိစ္စတွေကျတော့ အုက္ကထကြီးဘိုလိုလုပ်လဲ မသိပေါင်ဗျာ။
မအလအုပ်စုရဲ့ စခတွေနေ့စဥ်ရက်ဆက် ကိုက်ဖဲ့ဖျက်ဆီး ခံနေရတဲ့မြန်မာပြည်သူပြည်သားတွေရဲ့ အသံတွေ အရုပ်တွေကို မမြင်ခဲ့မကြားခဲ့တဲ့ မအလအုပ်စုရဲ့လူ့အခွင့်အရေးကော်မရှင် ဆိုတာကြီးကလည်း အခုကျတော့ မအလကြီးကဘာနဲ့များထိုးကလော်လို့ ပွင့်သွားတယ်မသိဘူးခမျ၊ ဂုတ်ထိပ်တံတားအရေးမှ ပြူးတူးပြဲတဲ ထချဲနေပြန်ပါပကော။
တံတားအခွင့်အရေးကော်မရှင်လား မှတ်ရပါသဗျာ။ သူ့ဘာသာ ကလေးတွေ နံနံဂြားက ဂိမ်းဆော့ပြီးပထမရလို့ပြန်အလာကို ဘူမသိကိုးမသိ ဂိမ်းနာမည်သောက်တလွဲရေးပြီးကြိုဆိုတဲ့ ဘာညာကွိကွယုဝဘောမအသင်းကလည်း ဂုတ်ထိပ်အရေးပါလာပြန်တာပဲ။ နောက်ထပ် ရောယိမ်းလိုက်ဘသားယိမ်းလိုက်တွေလည်း တထောကြီးပဲဗျိူ့။ သူတို့တွေကိုမအလကြီး ဂုတ်ထိပ်မှာနူတ်ဆိတ်မနေကြနက်ဆိုပြီး ဘာထိပ်နဲ့တို့ပြီးလွှတ်လိုက်လဲ မသိဘူးဗျို့။
မအလတို့စစ်အုပ်စု အဆက်ဆက်လုပ်ကွက်ကြီးကလည်း တကယ့်ကိုဖျာသယ်မ တစ်ရှူးစ လိုဖြစ်နေပါပြီလေ။ ဂုတ်ထိပ်အရေးကို ဒုတ်ထိပ်နဲ့ကြွေးလိုက်လို့ ထင်ပဗျာ။အမျိုးသားသမားဆိုသူများကလည်း အံကျမခါး အားကျမခံ။ TNLA ဘယ့်နယ်ညနယ်ထလုပ်ကြပါရောဗျား။
ရွေးကောက်ပွဲဘက်ကျ ပြန်တော့လည်း “ခွေးစကားပြောတဲ့ ပါတီအုတ်ကထ”
“ပေါင်ကြားကမမ” ပူးပေါင်းတင်ဆက်မယ့်ပါတီ။ အိုး စုံတကာစိနေတဲ့ဘုံစာဟိတိုင်းပြေပါလေ။
အခုအခါ မုန်တိုင်းကျလို့သာ ပုံပြင်ထဲက ကျေးညီနောင်လို အဖြစ်အပျက်သာဖြစ်လာရင် ကျေး၂ကောင်လုံးဟာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောမလားပဲ။
မအလ ရဲ့အာဏာလူး ခေတ်မှာအလွှာစုံမှာ အာဏာရူးနဲ့အာဏာလူးတွေချည်းပဲလေနော။
ရေးသားသူ-ဇေယျတု
သရုပ်ဖော်-ညိုမြ
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay