ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်သား ကိုထိန်လင်းတို့ တွေ့ဆုံ

🟥 နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးဘဲ ငြိမ်းချမ်းရေးမတည်ဆောင်နိုင်ဘူးလို့ AA စစ်ဦးစီးချုပ် ပြော

စက်တင်ဘာ ၆၊ ၂၀၂၅။

အာရက္ခတပ်တော်-AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ် Kim Aris (ခ) ကိုထိန်လင်း တို့ တွေ့ဆုံခဲ့ကြပြီး အပြန်အလှန်စကားပြောကာ ဆွေးနွေးခဲ့ကြတယ်လို့ ကိုထိန်လင်း က သူရဲ့ လူမှုကွန်ရက်မှာ(Facebook) ရေးသားလာပါတယ်။

အဲဒီရေးသားဖော်ပြမှုကိုတော့ ယနေ့ စက်တင်ဘာ ၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်က ပြုလုပ်ခဲ့တာဖြစ်ပြီး အွန်လိုင်း(ZOOM) တွေ့ဆုံမှု မှတ်တမ်းပုံကိုပါ ပူးတွဲတင်ခဲ့ပြီး ဘယ်နေ့ကတွေ့ဆုံခဲ့တယ်ဆိုတာကို အတိအကျမဖော်ပြထားပဲ မကြာသေးခင်လို့ သာ ရေးသားထားပါတယ်။

တွေ့ဆုံမှုမှာတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောကြားခဲ့တာကို ကိုထိန်လင်းက အခုလို ရေးသားထားပါတယ်။ “သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ကိုထိန်လင်းက ပြန်လည်ပြီး “ကျွန်တော်ကလည်း ကိုထွန်းမြတ်နိူင်နဲ့ သူရဲ့တပ်ဖွဲ့များရဲ့ အချိန်တိိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်။ သူ့ဆီကနေ ရခိုင်ပြည်သူများကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ရှောဘေးရှောင်နေစဉ် ရင်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိနားလည်ခဲ့ရတယ်။ သူတို့ရဲ့ ကြံ့ကြံ့ခံ ဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွ လက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့ မြင်ပါတယ်။ ” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ နှစ်ဦး ယုံကြည်ရတဲ့မိတ်ဆွေတွေ အနေနဲ့ရှိဖို့၊ တစ်ဦးကို တစ်ဦး ပံ့ပိုးကူညီဖို့၊ လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖို့သဘောတူခဲ့ကြပါတယ်။” လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။

မင်းအောင်လှိုင်စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နေ့ကစလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ သမ္မတဦးဝင်းမြင့် တခြား ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ အသက် ၈၀ ပြည့်သွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ နှလုံးကျန်းမာရေးမကောင်း ဘူးလို့ ကိုထိန်လင်းက ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့က ရေးသားခဲ့ပြီး မေမေ ကျန်းမာရေးအတွက် အထူးစိုးရိမ်နေတယ်လို့ သူက ဆိုပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these