ပုသိမ်-မုံရွာလမ်းပေါ် ညအချိန် အိမ်စီးကားနဲ့ အသွင်ယူလာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ

🟥 စီးနင်းလာတဲ့ကားနဲ့ စစ်သုံးပစ္စည်းတွေထားရစ်ပြီး ဒဏ်ရာရထွက်ပြေး

စက်တင်ဘာ ၂၉၊ ၂၀၂၅။

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း မင်းတုန်းမြို့နယ် ဘက်မှ ကျောင်တိုင်အထိုင်စခန်းကို အိမ်စီးကားနဲ့ မောင်းနှင်လာတဲ့ အသွင်ယူစစ်အုပ်စုကို ဗမာပြည်ကာကွယ်ရေးတပ်- USBA အဖွဲ့ဝင်တွေက တားဆီးချိန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလမ်းပိုင်းကို ည(၆) နာရီကျော်ပါက မဖြတ်သန်းကြရန် တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာဖြစ်လို့ ယမန်နေ့ည(၁၁) နာရီခန့်က ကျောင်တိုင်ရွာအနီးမှာ တားဆီးခဲ့ကြတာဖြစ်ပြီး ခရီးသွားပြည်သူကားအမှတ်နဲ့ ပစ်ခတ်မှုမပြုဘဲ စစ်ဆေးဖို့ကြိုးစားချိန် ရပ်တန့်ပေးတာမရှိဘဲ ပစ်ခတ်ထွက်ပြေးရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ USBA က ယနေ့ စက်တင်ဘာ(၂၉) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရထွက်ပြေးသွားကြပြီး တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဆီက အနက်ရောင် အိမ်စီးကား(၁)စီး(မီးရှို့) နဲ့၊ ၄၀ မမ ဗုံးသီ (၅) လုံး၊ Euip (၁) စုံ၊ ဖုန်း(၁) လုံး၊ ပိုက်ဆံအိတ် (၁) လုံး၊ ပိုက်ဆံ (၂) သိန်း (၆) သောင်းကျပ်၊လက်ထိပ် (၁) စုံ၊ တို့နဲ့အတူ အခြား လူသုံးကုန်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်အုပ်စုတပ်ဖွဲ့၀င်တွေကိုတော့ ည(၁၂) နာရီမှာ မင်းတုန်းမြို့ကနေ light-truck ကားတစီး အင်အားအပြည့်နဲ့စမ်းကြီးကျေးရွာအနီးမှာ လာကြိုသွားကြတယ်လို့ သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these