ပေါက်ခေါင်းမှာ ရာအိမ်မှူးတဦး ဓါးခုတ်အသတ်ခံရ

အောက်တိုဘာ ၂၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ထန်းတပင်အုပ်စု၊ ဂတ်အစ်ကုန်းကျေးရွာ က ရာအိမ််မှူးဌေးနိုင် ဟာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ယမန်နေ့ အောက်တိုဘာ(၁) ရက်နေ့ ညနေ (၃) နာရီခွဲခန့်က ဂတ်အစ်ကုန်းရွာနဲ့ တမိုင်ခန့်အကွာမှာ ဓါးနဲ့ခုတ် အသတ်ခံခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။
 
“ရွာထဲမှာဖြစ်တာမဟုတ်ဘူး၊ ရွာအရှေ့ဘက်တမိုင်မရှိတရှိပေါ့။ ဆိုင်ကယ်နဲ့သွားတာမှာ ဓါးနဲ့လှီး သတ်ခံရတာ။ သူက စစ်မှုထမ်းကိစ္စတွေမှာ ပါဝင်ပါတ်သက်တာတော့ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ရာအိမ်မှူးဌေးနိုင်ကို ဘယ်သူက သတ်ဖြတ်ခဲ့တယ်ဆိုတာကို မသိရေသေးဘဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
 
ဖြစ်စဉ်ဖြစ်ပွားပြီး အဲဒီနေ့ည (၈) နာရီဝန်းကျင်ခန့်မှာ ပေါက်ခေါင်းမြို့နယ် နာရေးယူညီမှုအသင်း လာရောက်ကောက်ယူကာ ပေါက်ခေါင်းမြို့ပေါ်ကိုပို့ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လာရောက်တာမရှိဘဲ ယနေ့ အောက်တိုဘာ(၂) ရက်နေ့မှာတော့ မိသားစုက ပြန်လည်ယူဆောင်ပြီး သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့လလည်ပိုင်းခန့်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ချောင်းစောက်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ရဲအောင် ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းရာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ပြည်ခရိုင် #ပေါက်ခေါင်း #ပဲခူးတိုင်း #ရာအိမ်မှူး #အုပ်ချုပ်ရေး #စစ်မှုထမ်း

You may also like these