

(ရုပ်/သံ)
အောက်တိုဘာ ၅၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲမှာ အာဏာသိမ်းစစ်တပ် ပါရာမော်တာ နဲ့ ဗုံးကြဲခံရလို့ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော် (၃) ဦးရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို အညာမြေတပ်ပေါင်းစု နဲ့ ဒေသတွင်းတပ်ဖွဲ့ တွေစုပေါင်းပြီး ကူညီထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်တဦးစီရဲ့ မိသားစုတစုကို ၁၄၅ သိန်းကျပ် နဲ့ (၃) ဦးအတွက် ၄၃၅ သိန်းကို ယနေ့ အောက်တိုဘာ ၅ ရက်နေ့မှာပဲ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ဒို့ပြည် ကိုပြောပါတယ်။
“အညာမြေတပ်ပေါင်းစုက သက်သက်တော့မဟုတ်ဘူး။ ရက်လည်မှာ တခြားသောဒေသတွင်း အဖွဲ့တွေက ပါ ထည့်ဝင်ကြတာပါ။” လို့ သူက ဆက်ပြောပါတယ်။