

🟥 အခင်းဖြစ်ရာအနီးက သားအဖ(၂) ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ
အောက်တိုဘာ ၈၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ခွေးရဲအုပ်စု၊ ချင်ရုပ်ကုန်းရွာက ပြည်သူ့စစ်ခေါင်းဆောင်ဦးလှမြင်ကို အမည်မသိလူတစုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ဝန်တင်ဆိပ်ကျေးရွာအနီးမှာ ဦးလှမြင့်ကို ဖမ်းဆီးသွားကြတာလို့ သိရပြီး ဘယ်သူတွေက ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
“လပြည့်နေ့ မနက်က ဆေးကုသွားတုန်း အဖမ်းခံလိုက်ရတာ သူကဆေးထိုးတယ်။ နယ်မြေသတင်းစုံစမ်းရင်းပေါ့။ သူ့ကို ဖမ်းသွားတဲ့နေ့က နေ့လည်ပိုင်း အိမ်စီးကားတွေနဲ့ ရဲတွေ စစ်သားတွေ ဝန်တင်ဆိပ်ရွာက သားအဖ၂ ဦးကို ပေါင်းတလည်ရဲစခန်းကိုဖမ်းသွားတာ ခုအချိန်ထိပြန်မလွှတ်သေးဘူးလို့ကြား ဒီနေ့လဲ ပေါင်းတလည်ကနေ စစ်သားတွေအများကြီး ဝန်တင်ဆိပ်ရွာဘက်ကိုလာတယ်” လို့ ဒေသခံ တဦး က ဒို့ပြည်ကို ပြောပါတယ်။
အခုလိုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်လာတာမျိုးတော့မရှိသေးပါဘူး။
“ခုသူ့ဖမ်းပြီး သူ့တပည့်တွေ ပြည်သူ့စစ်တွေ တော်တော်ကိုကြောက်နေကြတယ်။ တချို့ဆို ပြေးဖို့တောင်လုပ်နေတယ်ကြားတယ်။ ဒီနေ့လည်း ရသေ့စိတ်ဖြေ စစ်တပ်က လူအင်အားအများကြီးနဲ့ ဝန်တင်ဆိပ်ကိုသွားတယ်ကြားတယ်။ သူ့လူတွေကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့သဘောပေါ့” လို့ ဒေသခံနောက်တဦးကလည်း ပြောပါတယ်။
ဦးလှမြင့်ဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ပြီး ဧည့်စာရင်းစစ် ပေါ်တာဆွဲတာ၊ ဒေသခံလူငယ်တွေရဲ့စာရင်းပြုစုပြီး ရဲစခန်းကိုပေးပို့တာတွေကို သူနဲ့သူ့အဖွဲ့က အဓိကလုပ်ဆောင်ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay