“ဘူးလက် အရူးကွက် နင်းမယ်”

(#သရော်စာ)

အောက်တိုဘာ ၁၃၊ ၂၀၂၅။

“ဟယ်လို ဆာဇေ။ မင်္ဂလာရှိသော သီတင်းကျွတ်ဖြစ်ပါစေဗျိူ့”

“အသာလုပ်ပါ မောင်မှတ်ရာ။ သီတင်းကျွတ်ပြီဟေ့ဆိုကတည်းက မင်္ဂလာကတော့ ရှိပြီးသားပဲလကွ။ မနက်ကတောင် မောင်ရှေ့ကိုတည့်တည့် ဘာဆိုလားပဲ သီချင်းသံကြားလိုက်ရသေး”

“ပြောလို့သာပြောရတာပါ ဆာဇေရာ။ မအလရဲ့စခတွေက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲလုပ်ကြတဲ့ ချောင်းဦးမြို့နယ်ထဲမှာ ဗုံးသီးချပြီး လူမဆန်တဲ့လုပ်ရပ်လုပ်ကြသေးဆိုပဲဗျ”

“အေးလကွာ လူ ၂၀ ကျော်လောက်သေတယ်၊ ၄၀ ကျော်လောက်ဒါဏ်ရာရတယ်လို့ဖတ်ရတာပဲဟ”

“အေးဗျာ မအလရဲ့စခတွေဟာ ဘာသာတရားတွေ၊ ဓလေ့ထုံးတမ်းတွေဘာမှနားလည်တာမဟုတ်ဘူးဗျနော။ အထက်အမိန့်အရဆိုရင် ကိုယ့်အမေကိုယ့်နှမတောင်အဝှာပြုဆိုပြုမယ့်ဟာစားတွေ။ အဲဒီတော့ တလရ သမားတွေအနေနဲ့ တတ်နိူင်သမျှသတိထားမှတော်ကာကျမယ် ထင်တယ်နော်”

“ဒါနဲ့ မောင်မှတ်ရေ၊ ဘူးကြီးအကြောင်းရော ဖတ်ပြီးပြီလားဟ”

“ဘူးလက်လှဆွေလား ဆာဇေ။ ကျနော့်အထင်အရတော့ ဘူးလက်ရဲ့မထူးတဲ့အကွက်ပါဗျာ။ ကြံ့ဖွတ်ထဲမှာ ကသောင်းကနင်းအကွက်တွေပေါ်နေတာလေဗျာ။ မအလ အာဏာအရူးကောင်ကြီး ထိုးထည့်လိုက်တဲ့ အကောင်ကြီးကြီးတွေက ကြံ့ဖွတ်မှာ ပါဝါအပြည့်မကဘူး လျှံကျနေပြီလေ။ ရောက်လာကတည်းက စရိတ် အပြည့်အစုံ ပါးစပ်မှာငုံလာပြီးသား။ ပြီးတော့ အဲဒီကောင်ကြီးတွေအတွက် ပါတီမှာနေရာကချပေးပြီးသား။ ဒီတော့ ဘူးလက်က နေရာမရမယ့်အတူတူမထူးဘူးဆိုပြီး၊ ဘီလူးကြီး မအလကိုအရူးကီးနဲ့ထချတဲ့သဘောပါပဲ”

“အံမယ် ဆရာမှတ်ရဲ့အရမ်းသုံးသပ်ချက်က သဘောကျစရာအကောင်းသားပဲ”

“ဟော ဆာဇေကတော့လုပ်ပြီ။ ကျနော့်အထင်ပြောတာပါဗျ။ အခုတော့ ဘူးလက် ဘယ်မှာ ဒူးဖက်နေလဲ မသိပေါင်ဗျာ ဟဲဟဲ။ အမှန်တော့ အုပ်ကြီးခီရင်မှာတာဝန်ရှိတယ်ဗျ။ ကိုယ့်ပါတီက အထင်ကရတကောင်ပျောက်သွားတဲ့ကိစ္စကိုလေ။ ဘူးလက်လှဆွေလည်း ဟိုဘက်ရက်ကပဲ DASSK ကို အောက်လုံးတွေသုံးပြီး အောက်တန်းစားဆန်ဆန်ပုတ်ခတ်စော်ကား နေသေးတာလေ”

“ဘာလဲဟ မောင်မှတ်ရ၊ဘူးလက်က သူ့အဖေကိုခင်ဗျားတို့ သိလားဘာညာမေးတဲ့ဟာလား”

“ဟုတ်ပ ဆာဇေရာ၊ ဘူးလက်ရူးချက်ကတော့၊ သူ့အဖေကိုသူတောင်သေချာမသိဘူး။ တခြားလိုက်မေးနေရတယ်”

“အေးကွ ဘူးလက်ရဲ့ ပတ်မကြီးယီးနဲ့ထိုးတဲ့အကွက်က၊ မအလကြီးသောက်ခွက်ပါထိသွားသဟ။ NLDကို မဲစရင်းမှားလို့ အာဏာသိမ်းရပါတယ် ဘာညာလုပ်ထားတာလေ”

“အခုလည်း ပီ ၃ လုံးမယ်တော် သသခ တစ်ပေါက်တော့ ထလာပြန်ပြီဆာဇေ။နိူင်ငံရေးနဲ့ပတ်သက်ပြီး DASSK ရဲ့ ခြေတစ်မှုံစာတောင်မလုပ်ခဲ့ဘူးပဲ၊ စော်စော်ကားကားတွေပြောလာပြန်ပြီ။ နိူင်ငံရေးအကျဥ်းသားမဟုတ်ဘူး။ အကျင့်ပျက်ခြစားလို့အကျဥ်းကျခံရတာပါတို့ဘာတို့ လုပ်လာပြန်ပြီ”

“ဟုတ်ပ မောင်မှတ်ရေ။ ငါကြားခဲ့ဖူးတဲ့တရားတစ်ပုဒ်သတိရတယ်။ တခါက ဘုရင့်ဥယျဥ်တခုမှာ အကျင့်စရဏနဲ့ပြည့်စုံတဲ့ ရသေ့တပါးနေသတဲ့။ တနေ့မှာ ဘုရင့် ပြည့်တန်ဆာမတစ်ယောက် ရာထူးပြုတ်ပြီး ဥယျဥ်ဘက်လာသပေါ့။ သစ်ပင်အောက်မှာတရားကျင့်နေတဲ့ရသေ့ကိုတွေ့တော့၊ သူအလုပ်ပြုတ်တာ ဒင်းကြောင့်ဆိုပြီး ရသေ့ကို ဆဲဆို တံထွေးတွေနဲ့ထွေးပေါ့လေ။ အားရတော့ပြန်တာပေါ့။ နန်းတော်ရောက်အလုပ်ပြန်ရ။ တဆင့်စကားနဲ့ရသေ့ကြီးကိုစော်ကားကြတာ တမြို့လုံးကုန်ရောတဲ့။ တမြို့လုံးစုံမှ ပန်းမိုး၊ ရွှေငွေမိုး၊ ပြီးတော့လက်နက်မိုးရွာ မြို့ပျက်ဆိုတာလေ”

“အေးဗျာ ဘူးလက်ပြီးရင်တော့ အရပ်ထဲကလူတွေပြောတဲ့ ပိပိပြား အလှည့်ထင်ပါရဲ့”

ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ
#ဒို့ပြည်

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these