အောက်တိုဘာ ၁၅၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ရေဆည်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းမြင့် ကို အမည်မသိလူတစုက လာရောက်ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ပေါင်းတည်အရှေ့ဘက် (၅) မိုင်ခန့်အကွာမှာရှိတဲ့ ရေဆည်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်(အသက် ၆၀ နှစ်) ကို ဆိုင်ကယ်(၂) စီးနဲ့ အမျိုးသား(၄) ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဦးဝင်မြင့်မှာ သေဆုံးခဲ့ကာ အမျိုးသမီးဖြစ်သူကတော့ လက်ပြတ်ရှဒဏ်ရာရသွားတဲ့အတွက် ရန်ကုန်ဆေးရုံကိုပို့ဆောင် ပေးထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ကြားသိရတာကတော့ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်တယ်။ ဝင်းမြင့်က ပွဲချင်းပြီးသေတယ်။ မိန်းမက လက်ပြတ်တယ်။ သူကအရင်က ကြံ့ခိုင်ရေးအမာခံတဦးပါပဲ။ အဲဒီဖြစ်ပြီးတော့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ရွာသားတဦးကို ဖမ်းထားတယ်” လို့ မြို့ခံတဦး က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး (၂) နာရီခန့်အကြာမှ စစ်တပ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကြကာ ရွာသားတွေကို တနေရာတည်းနေခိုင်းပြီး လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းဆည်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“မသင်္ကာလို့ဖမ်းထားတဲ့ သူနှစ်ယောက်က တယောက်က အုပ်ချုပ်ရေးမှူးဟောင်း တယောက်က အဲအချိန်မှာ ဖုန်းဆက်တဲ့သူ” လို့ မြို့ခံတဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုကိုတော့ ဘယ်သူတွေက ပြုလုပ်တယ်ဆိုတာ မသိရေသးသလို တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လာတာလည်း မရှိသေးပါဘူး။
သတင်း-မေသတ္တိ
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay