အမ်း-ပဒါန်းလမ်း ဒေသတဝိုက်က စစ်မှုထမ်းတပ်သား (၂၆) ဦးကို အရှင်ဖမ်းမိထား

နိုဝင်ဘာ ၂၊ ၂၀၂၅။
 
မကွေးတိုင်း နဲ့ ရခိုင်ပြည်နယ် အစပ် ရခိုင်ရိုးမပေါ်က နတ်ရေကန်စခန်းဗျူဟာကုန်းမှာ ဖြစ်ပွားလျှက်ရှိတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်နယ်မြေတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သားသစ် စစ်ကော်မရှင်တပ်ဖွဲ့ဝင်(၂၆) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho) က သတင်းထုတ်ပြန်ပါတယ်။
 
အဲဒီထုတ်ပြန်ချက်ကိုတော့ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာ အခုလို ဖမ်းဆီးရမိခဲတာလို့ သိရပါတယ်။
 
ဒါ့အပြင် နတ်ရေကန်လမ်းဟောင်းတလျှောက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်မှာ လက်နက်ငယ်(၄) လက်နဲ့ ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာရောက်တဲ့ စစ်ကြောင်းတွေကို ချင်းကာကွယ်ရေးတပ် – အရှို ဟာ အခြားတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ကြားဖြတ်တိုက်ခိုက်တာနဲ့အတူ ခုခံ/ထိုးစစ် တွေကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲတွေအတွင်း စက်တင်ဘာလ နဲ့ အောက်တိုဘာလ ၂ လမှာ ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့ဝင်(၂) ဦး ကျဆုံးပြီး၊ ခြေလက်အင်္ဂါဆုံးရှုံသူ(၂) ဦး နဲ့ အခြား ထိခိုက်ဒဏ်ရာရရှိတပ်ဖွဲ့ဝင် (၇) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these