အာဏာသိမ်းစစ်တပ်က သတင်းသမား ၅၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထား

ကမ္ဘာပေါ်မှာ သတင်းထောက်တွေ ဖမ်းဆီးခံရမှု အများဆုံးနိုင်ငံများထဲ မြန်မာရှိနေ

နိုဝင်ဘာ ၂၊ ၂၀၂၅။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှစတင်ကာ သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ အမျိုးသမီးသတင်းသမားတွေ အပါအဝင် အနည်းဆုံး သတင်းသမား ၅၁ ဦး ဖမ်းဆီးအကျဉ်းချခံထားရဆဲ ဖြစ်တယ်လို့ ဗြိတိန်သံရုံး(ရန်ကုန်) က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် စာနယ်ဇင်းသတင်းသမား ၇ ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်တာကိုခံခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်း‌ထောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဗြိတိန်အစိုးရ က မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းရှိ သတင်းသမားတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ ဘေးကင်းလုံခြုံစေရေးအတွက် အကူအညီတွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

” မြန်မာနိုင်ငံရှိ စာနယ်ဇင်းသတင်းသမားအားလုံးရဲ့ ရဲစွမ်းသတ္တိကို မိမိတို့ ဂုဏ်ပြုအပ်ပါသည်။ အထူးသဖြင့် offline နှင့် online အခြေအနေနှစ်မျိုးလုံးတွင် နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသော အမျိုးသမီးသတင်းထောက်များကို အမှတ်ရ ဂုဏ်ပြုအပ်ပါသည်” လို့ ဗြိတိန်သံရုံး(ရန်ကုန်) က ဆိုပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှကို ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်တဲ့ သို့မဟုတ် ကန့်သတ်ချုပ်ချယ်သူတွေကို အရေးယူဆောင်ရွက်ရမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပုံစာ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်မြို့က ဆန္ဒပြလှုပ်ရှားမှုတွေထဲ သတင်းရယူနေတဲ့ သတင်းထောက်တဦး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these