နတ်တလင်းမှာ စစ်မှုထမ်းကိစ္စ မြို့စီမံအဖွဲ့နဲ့ ရပ်ကျေးမှူးတွေ ရုန်းရင်းဆန်ခတ်ဖြစ်

🟥 ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်စာတင်

နိုဝင်ဘာ ၈၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ်စုဆောင်းမှုနဲ့ပတ်သက်ပြီး ငွေကြေးရယူလုပ်ဆောင်နေကြတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စကားများရာကနေ အခုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဖြိုးဝေစိုး၊ ဒုဦးစီးခင်ငြိမ်းချမ်းဝေ နဲ့ ရုံးအုပ်ကြီးခင်မောင်ဌေး တို့ နဲ့ ရပ်ကျေးအုပ်ချုပ်းရေးမှူး စကားများရာမှာ ရုံးအုပ်ကြီးခင်မောင်ဌေး က အော်ဟစ်ဆဲဆိုခဲ့ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ကြတာလို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

“မပေးနိုင်တော့ဘူး မလုပ်နိုင်တော့ဘူး ခင်ဗျားတို့က ပြောသလိုပေးနေရတာ။ အချို့ဟာတွေက ဘီစီ ခင်မောင်ဌေးနဲ့ ပေးလိုက်ရင် စာရင်းပျောက်တွေ ဖြစ်နေတယ် ကျနော်တို့မှာ အဲလိုအခက်ခဲဖြစ်တယ်” လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူက ဒို့ပြည် ကို ပြောပါတယ်။

စစ်မှုထမ်းတပ်သားသစ် စုဆောင်းရာမှာ ရုံးအုပ်ကြီးခင်မောင်ဌေးက သိန်း ၉၀ ရယူကာ လူအရောင်းအဝယ်နဲ့ အစားထိုး လုပ်ဆောင်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

“ရုံးအုပ်ကြီးခင်မောင်ဌေးက ပိုက်ဆံ သိန်း ၉၀ ကိုယူပြီးလိမ်လှည်ပြီးလုပ်တယ်။ ရုံးထဲမှာတင် သူက ရပ်/ကျေးအုပ်ကြီးတွေကို အော်ဆဲလို့ ရန်ဖြစ်ကြတယ်။ အခုအချို့ကနှုတ်ထွက်စာတင်ထားကြပြီ။” လို့ ဖြစ်စဉ်ကို သိရှိထားသူက ပြောပါတယ်။

ငွေကြေးရယူရာမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဖြိုးဝေစိုး၊ ဒုဦးစီးခင်ငြိမ်းချမ်းဝေ တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နတ္တလင်းမြို့နယ်် ၈၄ အုပ်စုမှာ တပ်သားသစ် ၈၄ ဦးတောင်းခံခဲ့တာဖြစ်ပြီး ငွေကြေးရယူကာ လုပ်ဆောင်မှုတွေနဲ့ ဆဲဆိုမှုတွေကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့က နှုတ်ထွက်စာ တင်ထားကြတယ်လို့လည်း ဆိုပါတယ်။

ပုံစာ- နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးရုံးမှာ ပြုလုပ်တဲ့ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ(ပုံဟောင်း)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these