🟥 အရှင်ဖမ်းခံရသူ အောင်ဝင်းမှာ သူ့ရွာက စစ်မှုထမ်းလုပ်မဲ့လူ ၂၀ ကို အခမ်းအနားနဲ့ မု့န်ဟင်းခါးကျွေးကာ တပ်ထဲပို့ခဲ့သူဖြစ်
နိုဝင်ဘာ ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြကြီးလမ်း မှာ ပြည်သူ့စစ်ခေါင်းဆောင် နဲ့အဖွဲ့ မောင်းနှင်လာတဲ့ Double Cab အဖြူရောင်ကား ၁ စီးမိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ကြို့ပင်ကနေ ကံမမြို့ကိုလာတဲ့ ပြကြီးလမ်း၊ အရိုးတောင်(အရပ်အခေါ် ) နေရာမှာ မိုင်းဆွဲခံခဲ့ရတာဖြစ်ပြီး ကြို့ပင်တိုက်နယ်၊ သာစီရွာသား ပြည်သူစစ်ခေါင်းဆောင်အောင်ဝင်း ဇီးဖြူကွင်းရွာသား ရာအိမ်မှူးအောင်မြိုင် နဲ့ ရဲအောင် တို့ (၃) ဦးလိုက်ပါလာကြတာ လို့ သိရပါတယ်။
မိုင်းဆွဲခံရမှုမှာ အောင်မြိုင် ကတော့ နေရာမှာ သေဆုံးခဲ့ပြီး၊ အောင်ဝင်းနဲ့ ရဲအောင် တို့ကိုတော့ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
“သေတာက သာစည်က အောင်မြိုင်၊ သူလည်း သစ်မှုဝရမ်းနဲ့ပဲ။ အောင်ဝင်းကပြည့်သူ့စစ်ခေါင်းဆောင်၊ သူ့ကိုအရှင်ဖမ်းသွားတာ။ ကြို့ပင်နဲ့ ကံမနယ်မှာ အောင်ဝင်း၊ မင်းတုန်းနယ်မှာ ဖိုးပြား ပြည်သူ့စစ်ခေါင်းဆောင်နာမည်ကြီး။ ပီဒီအပ်တွေ အရှင်လိုချင်နေတဲ့သူတွေ” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
အောင်ဝင်းနဲ့ အောင်မြိုင် တို့ဟာ NLD အစိုးရလက်ထက်မှာ သစ်မှုနဲ့ ဝရမ်းထုတ်ခံထားရသူတွေဖြစ်ပြီး စစ်အာဏာသိမ်းချိန််မှာ ပြန်လည် ခေါင်းထောင်လာကာ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် လုပ်ကိုင်ခဲ့သလို စစ်မှုထမ်း တပ်သားတွေကို စုဆောင်းပေးပို့နေသူလို့ ဒေသခံတွေက ဆိုပါတယ်။
“သစ်ပွဲစား၊ သစ်ကုန်သည်လူရှုပ်လူပွေတဦးပါပဲ။ စစ်မှုထမ်းပသစ အဖြစ်သူ့ရွာက လူ ၂၀ ကို တပြိုင်တည်းစစ်ထဲသွင်းတဲ့ပွဲ အခမ်းအနားနဲ့လုပ်တာ မုန်ဟင်းခါးကျွေးတာ။ အခုတော့ အရှင်မိသွားတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ အောင်မြိုင်ရဲ့ အလောင်းကိုတော့ ယနေ့မနက်အထိ လာကောက်ယူတာမရှိသေးဘူးလို့လည်း ဆိုပါတယ်။
အခုလိုကားမိုင်းဆွဲခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာကို မသိရသေးသလို ထုတ်ပြန်လာတာမျိုးလည်း မရှိသေးပါဘူး။
ဒို့ပြည်သတင်းဌာနအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားလာတာလည်း မရှိသေးပါဘူး။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay