(BreakingNews)
နိုဝင်ဘာ ၁၆၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်နေအိမ်ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ကြို့ပင်ဝိုင်းရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သလို ချောင်းကောင်းဘက်ကလည်း လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့တဲ့အတွက် မမို့မို့ဝင်း ၃၅ နှစ် သေဆုံးခဲ့ပြီး ကိုသန်းဇော်ဦး အသက် ၄၂ နှစ် ဦးခေါင်း ဒါဏ်ရာရခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဦးတောကြီးအဖေ နေအိမ်ဝန်းထဲကိုကျတာ။ မင်္ဂလာဆောင်အိမ်နဲ့ဆို ခြေရင်းခေါင်းရင်းပေါ့ အိမ်တွေအကုန်စုတ်ပြတ်သတ်သွားတယ်။ လေယာဉ်နဲ့နှစ်လုံး ချောင်းကောင်းဘက်ကလှမ်းပစ်တာ ၃ လုံး လူအထိအခိုက်တော့ရှိတယ်။ အတိအကျတော့မသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ချောင်းကောင်းသုသာန်အနီးနဲ့ ဇရပ်ကုန်း ဇရပ်အနီးတို့မှာ အများအပြား ရောက်ရှိနေကြတယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ ပြေးနေကြရတယ် ။ စစ်တပ်ကလည်း စစ်ကြောင်းထိုးလာနေတယ်။” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

ပစ်ခတ်မှုမှာ ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာတော့ ပေါင်းတလည်လမ်းဆုံမှာ စစ်သား၊ ရဲ နဲ့ ပျူစောထီး အုပ်ချုပ်ရေးအဖွဲ့တွေက လာသမျှကို တားဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်းပန်ချက်- မူလသတင်းမှာ (၃) ဦးသေဆုံးလို့ မှားယွင်းဖော်ပြခဲ့တဲ့ အတွက် သတင်းဖတ်သူများကို ဒို့ပြည် သတင်းဌာနက တောင်းပန်အပ်ပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
#ပြည်ခရိုင် #ပေါက်ခေါင်းမြို့နယ် #ပဲခူးတိုင်း #ကြို့ပင်ဝိုင်းရွာ #သတိပြုပါ #လေကြောင်းအန္တရာယ်