ပြည် ၉၅၉ တပ်ထဲမှာ စစ်မှုထမ်းဖမ်းထားတဲ့ လူငယ်တဦးကို ပျူစောထီးတွေ ပစ်သတ်

🟥 အလောင်းကို ၃ သိန်းနဲ့ မိသားစုကိုရွေးခိုင်း

နိုဝင်ဘာ ၁၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ စစ်မှုထမ်းအတွက်ဖမ်းဆီးထားတဲ့ လူငယ်တဦးကို ပျူစောထီးတွေက နှိပ်စက်ပြီး ပစ်သတ်လိုက်ကြတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပစ်သတ်ခံရတဲ့လူငယ်ဟာ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်ကဖြစ်ကာ အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) မှာ ဖမ်းဆီးခံထားရချိန် ၁၄ ရက်နေ့က ပစ်သတ်ခံခဲ့ပြီး အကိုဖြစ်သူကိုလည်း ယခင်က စစ်မှုထမ်းဖမ်းဆီးပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကောင်လေးက သူ့အကိုကိုယ်လည်း အရင်က ဖမ်းဆီးထည့်ထားပြီးသားလို့ ပြန်ပြောတာမှာ နှိပ်စက်ပြီးနောက်ဆုံးပစ်သတ်လိုက်ကြတယ်။ ပျူစောထီးတွေပဲ။ စစ်သားတွေထက်ဆိုးနေတာ။” လို့ တပ်နဲ့နီးစပ်သူက ပြောပါတယ်။

ပစ်သတ်လို့ သေဆုံးခဲ့ရတဲ့ လူငယ်ရဲ့အလောင်းကိုတော့ ငွေ (၃) သိန်းနဲ့ လာရွေးခိုင်းခဲ့တာဖြစ်ပြီး မိသားစုတွေကတော့ ဖြစ်စဉ်ကိုမပြောရဲကြဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၂၊ ၁၃ ရက်နေ့တွေမှာ ပြည်မြို့နယ်အတွင်း ပေါ်တာဆွဲဖမ်းဆီးမှု ဆိုးဆိုးရွားရွား များပြားခဲ့ပြီး အဲဒီဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ ပါလာတာလို့ ဆိုပါတယ်။

“အားလုံးကိုနှိပ်စက်တာ သင်တန်းကိုမသွားခင်။ နောက်ရက်အကုန်လုံးကိုပို့တာပဲ။ စစ်မှုထမ်းဖမ်းထားတဲ့သူတွေကို လူရှာချင်တာ၊ ဆက်သွယ်ချင်တာ ညှိတာဆို သူတို့နဲ့အရင်လုပ်ရတာ။ ဆဲဆိုမာန်ဟောက်ရိုက်နှက်နေတာ စိတ်မကောင်းစရာပဲ” လို့ တပ်နဲ့နီးစပ်သူ က ပြောပါတယ်။

စစ်မှုထမ်းလူငယ်တွေကို ဖမ်းဆီးတဲ့နေရာမှာ အောင်ဆန်း၊ ချင်းစု၊ တာရိုး၊ ခရမ်းကုန်း တို့ကလည်း အများအပြားဖမ်းဆီးခံနေရတာလည်း ဖြစ်ပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ လူငယ်ရဲ့ အသေးစိပ်အချက်အလက်နဲ့ ဖြစ်စဉ်တွေကို ဒို့ပြည် သတင်းဌာနက ဆက်လက်စုံစမ်းလျှက်ရှိပြီး နောက်ဆက်တွဲ သတင်းကို ဆက်လက်ဖော်ပြသွားပါ့မယ်။

ပုံစာ- စစ်မှုထမ်းဖမ်းဆီးထားသူများစုဆောင်းထားရာ ၉၅၉ စစ်တပ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay

You may also like these